Channel Myanmar

Sean Albertson

Imaginary (2024)
Imaginary (2024)  လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.3 GB)/(674 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Imaginary (2024)

Kramer vs. Kramer (1979) 7.8
Kramer vs. Kramer (1979)  ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်ထိဟောလိဝုဒ်မှာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Dustin Hoffman နှင့် Meryl Streep တို့ အပြိုင်အဆိုင် ပါဝင်အစွမ်းပြထားတဲ့ ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာ အိမ်ထောင်ရေး အဆင်မပြေမှု ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်ဒ်ခရေးမားနှင့် ဂျိုအန်နာခရေးမားတို့ဟာ ရှစ်နှစ်ကြာအိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားနိုင်ပြီး ခုနှစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။တက်ဒ်က ကြော်ငြာလုပ်ငန်းကုမ္မဏီမှာ ရာထူးကောင်း လစာကောင်းနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး တစ်နေ့မှာတော့ ရာထူးတိုးတဲ့အတွက် ဒီသတင်းကောင်းကို မိန်းမဖြစ်သူကို ပြောဖို့ ဝမ်းသာအားရပြန်လာပေမယ့် ဂျိုအန်နာတစ်ယောက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ဒီအိမ်ကြီးမှာ ဘယ်လိုမှမနေနိုင်တော့ကြောင်း မွန်းကြပ်နေပြီဖြစ်ကြောင်း သားကိုလည်း တက်ဒ်နဲ့ ထားခဲ့ပြီး ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အရင်လိုစိတ်ဆိုးတာလို့ထင်ပြီး မကြာခင်အိမ်ပြန်လာမယ်လို့ ထင်တဲ့ တက်ဒ်ဟာ သိပ်စိတ်မပူခဲ့ပေမယ့် ဒီတစ်ခါတော့ ဂျိုအန်နာဟာ ပြန်မလာတော့ဘဲ သားလေးကို ထားခဲ့ရလို့ စိတ်မကောင်းကြောင်းစာပဲ ပို့လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ရာထူးတိုးစ တက်ဒ်တစ်ယောက်ဟာ အလုပ်ရော ...
movie

Kramer vs. Kramer (1979)