Channel Myanmar

Sean Tarjyoto

Sometimes I Think About Dying (2023) 6.6
Sometimes I Think About Dying (2023)  ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက'ရေး'အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့....။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်...။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sometimes I Think About Dying (2023)

Arthur (2011) 5.7
Arthur (2011) Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie

Arthur (2011)

2011
Pig 2021 7.2
Pig 2021 နီကလက်ကေ့ဂျ်ကို ပေါကားပဲ ရိုက်နေတယ် ဆိုသူတွေအတွက် ချပြလိုက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ သူက ရော်ဘီ ဆိုတဲ့ တောထဲမှာတစ်ယောက်တည်း နေတဲ့ လူကြီးပေါ့။ ရော်ဘီ့မှာ ဝက်မ တစ်ကောင်ရှိတယ်။ အဲဒီဝက်မက သူ့မိန်းမမသေခင် အမှတ်တရ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီဝက်မက မှိုရှာတာတော်ပြီး ရော်ဘီက မှိုတွေရောင်းစားတယ်။ ဒီတော့ သူ ဝက်မကိုချစ်တယ်။ ရော်ဘီဆီကနေ မှိုဝယ်နေကျ ဖောက်သည်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ညဘက်ကြီးရော်ဘီကို ရိုက်ပြီး ဝက်မကို လုသွားတယ်။ အဲဒီဝက်မကို ပြန်ရဖို့ ရော်ဘီတစ်ယောက် မြို့ပေါ်တက်လာရတော့တာပဲ။ ဒီတော့မှ ရော်ဘီဟာ တစ်ချိန်က မြို့ထဲမှာ လူသိများခဲ့တဲ့ ရာဇဝင်ရှိတဲ့ ဆရာကြီးတစ်ယောက်ဆိုတာ သိလာရတော့တယ်။ လူသတ်သမားကြီးတော့မဟုတ်ဘူး စားဖိုမှူးကြီးမို့လူသိများတာ။ လူသိများပေမယ့် ပြန်လာတော့လည်း သိပ်သောက်ဖက်မလုပ်ကြပါဘူး။ ဒါနဲ့ပဲရော်ဘီတစ်ယောက် တစ်နေရာပြီး တစ်နေရာလိုက်စုံစမ်းရင်း လူမိုက်တွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ ရင်ဆိုင်တော့လည်း အထိုးခံရတာပေါ့။ ဒီလိုနဲ့နောက်ဆုံး ဝက်ကို ခိုးသွားတဲ့လူက နယ်နယ်ရရလူမဟုတ်တာကို သိလာချိန်မှာတော့... တစ်ခုတော့ ရှိတယ် တစ်ခုခုကို ဆုံးရှုံးရတဲ့ ခံစားချက်ဟာ အသက်ရှင်နေကြောင်း ဖြစ်တည်နေသေးကြောင်း ...
movie

Pig 2021