Channel Myanmar

Sebastian Chacon

Humane (2024) 5.5
Humane (2024)  Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Humane (2024)

Emergency (2022) 6
Emergency (2022)    Emergency အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ဟာ သူတို့တက္ကသိုလ်မှာ တစ်ညတည်းနဲ့ ပါတီ ၇ခုကိုဆက်တိုက်သွားနိုင်တဲ့လူမည်းအမျိုးသားဖြစ်နိုင်ဖို့ ကြံစည်နေပါတယ်။သူတို့အပြီကဲမယ့်ညမှာပဲ သူတို့အိမ်ထဲမှာ ကောင်မလေးတစ်ယောက် အရက်မူးပြီး သတိလစ်နေတာတွေ့လိုက်ပါတယ်။သူတို့ဟာ လူမည်းဖြစ်နေလို့ရဲတွေအထင်လွဲမှာကြောက်ပြီး 911 ကိုဖုန်းမဆက်ရဲကြပါဘူး။ဒီလိုနဲ့ကောင်မလေးကို ကားနဲ့ဆေးရုံပို့ဖို့ဆုံးဖြတ်လိုက်ရာကနေ ရိုးရှင်းရမယ့်ကိစ္စက မထင်မှတ်ဘဲရယ်စရာတလွဲတွေဖြစ်လာပါတော့တယ်။ RJ Cyler,Donald Elise Watkins, Sabrina Carpenter တို့ပါ၀င်ထားပါတယ်။ရယ်စရာလည်းကောင်းသလို America ရဲ့ racism,gun violence တွေကိုလည်း လူမည်းတွေဘက်ကနေမြင်နိုင်အောင်ပြသထားပါတယ်။ Rotten tomatoes-93% IMDB -6/10 File size…(1.33GB)/(694MB)/(320MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

Emergency (2022)