Channel Myanmar

Sebastian Fabijański

[18+]Heaven in Hell(2023) 5.5
[18+]Heaven in Hell(2023) [18+]Heaven in Hell(2023)**************************ဒီကားထဲ အဓိက မင်းသားကို  365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်...ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်..ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex sceneတွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက်၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။File Size          : 1.5GB, 743MB Quality      ...
movie

[18+]Heaven in Hell(2023)

How I Fell in Love with a Gangster (2022)
How I Fell in Love with a Gangster (2022) ဒီကား‌လေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့‌ကဆင်းရဲသားတွေအတွက်‌ တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာ‌တော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီး‌ကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။ File size…(3 GB)/(1.7 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….03:05:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

How I Fell in Love with a Gangster (2022)

The Legions (2019) 5.3
The Legions (2019) The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre :  Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

The Legions (2019)