Channel Myanmar

Sébastien Pouderoux

Other People’s Children (2022) 6.8
Other People’s Children (2022)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Other People’s Children (2022)

The French Minister (2013) 6.4
The French Minister (2013) IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…  2.2 GB  / 957.8 MB Quality… BluRay 1080p ...
movie

The French Minister (2013)

2013
Robust (2021) 5.7
Robust (2021) Robust (2021) ============ IMDb Rating - 5.7/10သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM
movie

Robust (2021)

2021
Guermantes (2021) 5.6
Guermantes (2021) Guermantes (2021) ===============စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.72 GB) / (1.02 GB) / ...
movie

Guermantes (2021)

2021
Black Box (2021)
Black Box (2021) Black Box (2021)==============IMDb Rating - 7.2/10ကြည့်ဖူးနေကြ အမေရိကန် ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ rating မြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ ဥရောပရုပ်ရှင်တစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။အဲလ်ပ်တောင်တန်းပေါ်မှာ လေယာဥ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ ထို လေယာဥ်ဟာ ခရီးသည် ၃၀၀ ကို တင်ဆောင်ပြီး ဒူဘိုင်းကနေ ပဲရစ်မြို့ကို ဦးတည်ပြီး ပျံသန်းလာခဲ့တဲ့ အေထရီယန် ၈၀၀ လေယာဥ် ဖြစ်ပါတယ်။ ထိုအမှုကို ပြင်သစ်နိုင်ငံ စုံစမ်း‌ရေးနှင့် စိစစ်ရေးဗျူရိုက တာဝန်ယူကိုင်တွယ် ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဆိုပါ လေယာဥ်မှ လေယာဥ်မှူးအခန်းက အသံဖမ်းစက်ကို တာဝန်ယူ နားထောင်ရတဲ့ ဗစ်တာ ပိုလော့ ဆိုတဲ့ အရာရှိ တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားသည့်အတွက် မက်သရူး ဗက်ဆာ ဟာ တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။မက်သရူးဗက်ဆာ ဟာ အသံနားထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး နားထောင်ရုံထက်ပိုပြီး အမှုတွေကို ‌ဖော်ထုတ်ချင်သူ တစ်ယောက်ပါ။ မက်သရူး ဗက်ဆာရဲ့ မိန်းမဖြစ်သူ နိုအဲမီ ဗက်ဆာ ကတော့ ပျက်ကျသွားတဲ့ ...
movie

Black Box (2021)

2021