Channel Myanmar

Selina Hamilton

Anything Goes (2021) 7.6
Anything Goes (2021)  ငြီးငွေ့နေတဲ့စိတ်တွေကိုဖြေဖျောက်ပေးမဲ့ musical လေးတစ်ပုဒ်လာပါပြီ နားယဉ်စရာသီချင်းတွေ တေးသရုပ်ဖော်အကလေးတွေနဲ့အတူဇာတ်လမ်းတစ်ပုဒ်ကိုဖော်ကျူးထားပြီး IMDb 7.6 အထိရရှိထားပါတယ် ဒါရိုက်တာကတော့ Ross MacGibbon နဲ့ Kathleen Marshall ဖြစ်ပြီး 2022 ခုနှစ်မှာ ဒီ musical နဲ့ Kathleen Marshall က Best Theatre Choreographer ဆုကိုရရှိခဲ့တဲ့အပြင် သီချင်းတွေကိုနာမည်ကျော် Cole Porter ကရေးစပ်ထားတဲ့အတွက်ကြောင့်လည်းနာမည်ကြီးတဲ့ musical တစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ S.S American ဆိုတဲ့ပင်လယ်ကူးသင်္ဘောပေါ်ကခရီးသည်တွေရဲ့ဖြစ်ရပ်လေးတွေကိုဖော်ပြထားပြီး ရီနိုဆိုတဲ့မိန်းမလှလေးကတော့တရားဟောရှိုးတွေလုပ်တဲ့သူတစ်ယောက်ပါ သူသဘောကျနေတဲ့ကောင်လေး ဘီလီကတော့ချစ်ရတဲ့ကောင်မလေးကြောင့်သင်္ဘောပေါ်ခိုးတက်လာခဲ့ပြီး ဟိုကလက်ထပ်တော့မယ်ဆိုတာကို‌နောက်ကျမှသိလိုက်ရတဲ့သူဖြစ်ပါတယ် ရီနိုနဲ့ဘီလီတို့သင်္ဘောပေါ်မှာအချစ်ဇာတ်လမ်းတွေကိုမှန်ကန်အောင်လုပ်ဖို့ကြိုးစားကြရင်း သူတို့ကြုံတွေ့ကြရမဲ့ဇာတ်လမ်းလေးတွေကိုထူးခြားတဲ့တင်ဆက်မှုလေးတွေနဲ့ကြည့်ရှုရမှာပါ ပေါ့ပေါ့ပါးပါးနဲ့စိတ်ကိုရွှင်လန်းစေနိုင်တာကြောင့်လုံးဝကြည့်ကိုကြည့်သင့်တဲ့ musical တစ်ပုဒ်ပါပဲFile size…(1.2 GB)/(1.75 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre...Music Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Anything Goes (2021)

Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017