Channel Myanmar

Senthikumari

Pei Mama (2021) 5.4
Pei Mama (2021) ကောလိကူးမား (Yogi Babu) မိသားစုတွေက ငွေအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် မိသားစုတွေပါ။ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့ အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင် အလုပ်ကိုလက်ခံခဲ့ပါတယ်။သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့ သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့ ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့ မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ File size…(1.9 GB) / (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias & San Thu Aung
movie

Pei Mama (2021)

HEVC 1080p
Mandela (2021) 8.6
Mandela (2021) IMDb Rating (8.6)တောင်ဘက်နဲ့မြောက်ဘက် မတည့်တဲ့အပြင် အမျိုးဇာတ်ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ ရွာလေးတစ်ရွာမှာ....ဇာတ်နိမ့်လို အိမ်ရှေ့က မ၀င်ရ....ခိုင်းတာလုပ် ကျွေးတာစား တစ်ရွာလုံးက အဖတ်မလုပ်တဲ့ ဘ၀နဲ့ရှင်သန်နေရတဲ့ စမိုင်းဆိုတဲ့ ဇာတ်နိမ့် ဆံပင်ညှပ်ဆရာတစ်ယောက်...ဒီလိုနဲ့...တောင်ပိုင်းနဲ့ မြောက်ပိုင်း ဥက္ကဌ ရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ သူရဲ့မဲတစ်မဲဟာ အနိုင်အရှုး ဆုံးဖြတ်ပေးမယ့် မဲဖြစ်လာတဲ့ အခါမှာတော့ဒီမဲတစ်မဲကြောင့် သူရဲ့ဘ၀ ဘယ်လို ပြောင်းလဲသွားမလဲ....မဲတစ်မဲရဲ့တန်ဖိုးကြီးမားပုံနဲ့အတူ....ရွာနှစ်ခြမ်းရဲ့ပြိုင်ဆိုင်တင်းမာမှုတွေက ဘယ်လိုအခြေ‌အနေဖြစ်သွားမလဲ...ဇာတ်နိမ့်တွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်..  File size…(2.6 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ida  
movie

Mandela (2021)

Sulthan (2021) 6.0
Sulthan (2021) Sulthan (2021)အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။  File size…(3 GB) and (1.9 GB) Quality….Web-DL Rip 1080p 5.1CH and 720p Format…mp4 Duration….02:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Sulthan (2021)

Airaa (2019) 7.7
Airaa (2019) သရဲကား တောင့်တနေကြတဲ့ CM Fan တွေအတွက် သရဲကား တစ်ကား တင်ပေးလိုက်ပါတယ်.... နယ်မြို့လေးထဲက အိမ်ကြီး တစ်အိမ် အဲ့ဒီ အိမ်ထဲက အပေါ်ဆုံး ထပ်မှာ သော့ခတ်ထားတဲ့ အခန်းတစ်ခုလဲ ရှိနေလေရဲ့ တစ်ခါ တစ်ခါ အသံတွေ ကြားပြီး အိမ်ထဲ လျှောက်သွားနေတဲ့ အရိပ်တစ်ခုလဲ ရှိနေပြန်တယ်.... အဲ့ဒီအိမ်ကြီးကို မျက်စိမမြင်တဲ့ အဖွားကြီး နဲ့ နားမကြားတဲ့ အစေခံ တစ်ယောက်က စောင့်ရှောက်ပြီး နေထိုင်ကြတယ်.... တစ်ရက်မှာတော့ မြို့ကြီးက မိန်းကလေးတစ်ယောက်ဟာ အိမ်က သဘောတူထားတဲ့ ယောင်္ကျားကို မယူချင်တာနဲ့ အဖွားဖြစ်သူ ရှိတဲ့ နယ်မြို့လေးကို ပြေးလာခဲ့တယ်... သူရောက်လာခဲ့တာကတော့ သော့ခတ်ထားတဲ့ အခန်းရှိနေတဲ့ အိမ်ကိုပဲ ဖြစ်ပါတယ်.... ဒီရုပ်ရှင်ကားကို Dolly Dolly က ဘာသာပြန်ပေးထားပါတယ်
movie

Airaa (2019)

2019