Channel Myanmar

Seo Dong-won

My Sassy Girl (2001) 8.0
My Sassy Girl (2001) My Sassy Girl (2001) IMDb Rating (8.0) / Rotten Tomatoes (93%) ကိုရီးယားရုပ်ရှင်လောကမှာကော၊ Asia ရုပ်ရှင်လောကမှာပါ Jun Ji Hyun ( Gianna Jung ) ဆိုပြီး နာမည်တစ်ခုကို ခိုင်ခိုင်မာမာရစေခဲ့တဲ့အပြင် ခုချိန်ထိ လူကြိုက်အများဆုံး Korean romcom အဖြစ်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုရင်တော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ My Sassy Girl ပါပဲ။ အဲ့နှစ်ပိုင်းတွေမှာ Jun Ji Hyun ကိုယောကျ်ားလေး၊ မိန်းကလေးတွေသာမက သူတို့အနုပညာလောကသားအချင်းချင်းတောင် ကြိတ်ကြွေခဲ့ရတာပါတဲ့။ ကြောငြာတွေ၊ ရုပ်ရှင်တွေဆိုတာလည်း သူမှသူပါပဲ။ ခုချိန်ထိ အာရှရဲ့အလှဆုံးမင်းသမီးတွေထဲမှာ နှစ်တိုင်းပါပြီး ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ နံပတ်တစ်ဖြစ်နေတုန်းပါ။ ပြန်ရိုက်တဲ့ကားတွေ၊ နောက်ပိုင်းဆက်ထွက်တဲ့ကားတွေရှိပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ original movie ကို ဘယ်ကားမှ မမှီပါဘူး။ My Sassy ...
movie

My Sassy Girl (2001)

2001
1080p Untouched
Once Upon a Time in High School (2004) 7.5
Once Upon a Time in High School (2004) ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်း​လေးတစ်ခုပါဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်​လေး တစ်ယောက်ဟာမိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ်အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ်အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦးထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်​လို့ကောင်းပါတယ်File size_(1GB) Quality_Blu-Ray 720p Format_mp4 Duration_01:59:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_Sithu Translated by Shwe Yee Oo
movie

Once Upon a Time in High School (2004)

2004
Bear Man (2023) 6.2
Bear Man (2023) Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်‌ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်‌ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie

Bear Man (2023)

2023
Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
Pipeline (2021) 7.7
Pipeline (2021) Pipeline (2021)2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့ အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့ Doom at your service က အချောလေး Seo In-guk နဲ့ နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့ ကြည့်ရတာတန်မယ့်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ ...
movie

Pipeline (2021)

2021