Channel Myanmar

Serena Crouse

Real Love (2023) 7.4
Real Love (2023)  ကန်ဒရာဟာ ဘဝမှာစာမှစာကြိုးစားလာခဲ့ပြီး စကောလားရှစ်နဲ့ ကောလိပ်ကိုရောက်လာခဲ့တဲ့ စာကြိုးစားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိတဲ့ကန်ဒရာ့အတွက် သူ့ပန်းတိုင်ကိုရောက်ဖို့ဟာ သူ့ရဲ့ပထမဦးစားပေးပါပဲ။ တဘက်မှာ ဘန်ဂျမင်ကတော့ တစ်သက်လုံး မိဘတွေကြိုးဆွဲရာကလာခဲ့တဲ့ mamaboy လေးတစ်ယောက်ပါ။ သူ့ရဲ့အသုံးစရိတ်၊ ကျူရှင်လခတွေကအစ မိဘတွအပေါ်မှာပဲ တသက်လုံးမှီခိုလာခဲ့တဲ့ဘန်က သူဘာဖြစ်ချင်လဲဆိုတာလည်း သေချာမသိသလို မိဘတွေဖောက်ပေးတဲ့လမ်းကိုပဲလျှောက်ဖို့ လွယ်လွယ်တွေးထားခဲ့ပါတယ်။ဒီလိုမျိုး အစစအရာရာမတူညီတဲ့လူနှစ်ယောက်ကြားမှာ အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါမှာတော့ သူတို့ရဲ့အချစ်နဲ့ အရာရာကိုညှိယူဖို့ ဘယ်လိုကြိုးစားကြမလဲ။ ရည်မှန်းချက်ကြီးမားတဲ့ကန်ဒရာကရော အချစ်နဲ့ရည်မှန်းချက်ကြားမှာ ဘယ်အရာကိုရွေးချယ်မလဲ။ သူချစ်တဲ့ဘန် ကိုပြောင်းလဲပေးဖို့ရော ဘယ်လိုကြိုးစားမလဲ။ ဒီဇာတ်ကားလေးကို ပုံမှန်ဆယ်ကျော်သက် အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်တဲ့အခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီ (၂၀၂၃) ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDB rating 7.4 အထိရရှိထားတာမို့ Romantic Drama movie တစ်ကားအနေနဲ့ rating မြင့်ပြီး ကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါပဲ။ဒီကားလေး ကြည့်ပြီးရင်တော့ သူ့ရဲ့ sequel ...
movie

Real Love (2023)

The Christmas Chronicles: Part Two (2020) 6.4
The Christmas Chronicles: Part Two (2020) CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Netflix က လောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ် theme ဇာတ်ကားလေးဖြစ်ပါတယ် 2018 တုန်းကထွက်ရှိခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပါ ( 2018 ဇာတ်လမ်းလေးကိုလည်း CMမှာပြန်ရှာကြည့်လို့ရတယ်နော် ) အေးစပြုလာတဲ့ဆောင်းတွင်းလေးနဲ့လိုက်ဖက်မယ့် ဇာတ်ကားလေးပါပဲ ဒီဇာတ်ကားလေးထဲမှာဆိုရင် ကိတ်နဲ့ တက်ဒီတို့က သူတို့အမေရယ် သူတို့အမေရဲ့ချစ်သူဘော့ဘ်ရယ်နဲ့အတူ ခရစ္စမတ်အပန်းဖြေခရီးထွက်လာတာပေါ့... ခရစ္စမတ်အချိန်မှာ ပူနွေးတဲ့မက်ဆီကိုကမ်းခြေကို ခရီးထွက်လာရတဲ့အတွက်ကော ဘော့ဘ်ကိုပါ အမြင်မကြည်တာကြောင့်ကော True Believer လေး ကိတ်က စန်တာကလော့ခ်ဆီမှာ သူ့ကိုဒီနေရာကခေါ်ထုတ်ပေးဖို့ဆုတောင်းပါတော့တယ်... တခြားတစ်ဖက်မှာတော့ စန်တာကိုအရမ်းမုန်းတီးနေတဲ့ ဘယ်စနခ်ကယ်ဆိုတဲ့သူရှိပါတယ် သူက စန်တာနဲ့အတူစွန့်စားခန်းတွေဝင်ခဲ့တဲ့ ကိတ်ကို ပြန်ပေးဆွဲပြီး စန်တာကို ဒုက္ခပေးဖို့ ကြံစည်နေတာပေါ့... ကိတ်ရဲ့ဆုတောင်းကို စန်တာက တကယ်ကြားသွားမလား ဘယ်စနခ်ကယ်ရဲ့အကြံအစည်တွေပဲ အောင်မြင်သွားမလား ဘယ်စနခ်ကယ်ကရော ဘယ်လိုအတိတ်ဆိုးတွေကြောင့် စန်တာကိုမုန်းနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ရှုစားလိုက်ကြပါဦးနော်  File Size : ( 1 GB , 326 MB ) Quality : WEBRip 720p Running Time : 1hr 52min Format : ...
movie

The Christmas Chronicles: Part Two (2020)