Channel Myanmar

Serge Bagdassarian

The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

Guermantes (2021) 5.6
Guermantes (2021) Guermantes (2021) ===============စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.72 GB) / (1.02 GB) / ...
movie

Guermantes (2021)

2021
Midnight in Paris (2011) 7.7
Midnight in Paris (2011)  City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie

Midnight in Paris (2011)

2011