Channel Myanmar

Serge Hazanavicius

OSS 117: Lost in Rio (2009)
OSS 117: Lost in Rio (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီ​ဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ...
movie

OSS 117: Lost in Rio (2009)

I’ve Loved You So Long (2008) 7.6
I’ve Loved You So Long (2008)    ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ ...
movie

I’ve Loved You So Long (2008)

The Prey (2011) 6.6
The Prey (2011) IMDb -6.6/10 ~ Rotten Tomatoes - 70%ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီးဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်းသူကလွဲရင်ဘယ်သူမှမသိပါဘူး။ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီးဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်ကဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်Rating တွေလည်း ကောင်းတာမလို့သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။ File size…  2 GB /  940 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated ...
movie

The Prey (2011)

2011
Restless (2022) 5.3
Restless (2022) Restless (2022)=============အခုတစ်ခေါက်မှာတော့ Netflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ပြင်သစ်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။အမြဲတမ်း ဖြောင့်မတ်တဲ့ရဲတွေကိုပဲ ဇာတ်လိုက်နေရာက မြင်နေရတာ ရိုးသွားပြီလား ဒါဆိုရင် ဒီကားလေးကို ကြည့်လိုက်ပါ။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဘလင်းဟာ ပုံမှန်မြင်နေကျဇာတ်ကောင်တွေလို ရိုးသားဖြောင့်မတ်တဲ့ရဲမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကျင့်ပျက်ခြစားတဲ့ရဲပဲဖြစ်ပါတယ်။ ဘလင်းတစ်ယောက် သူ့မိခင်ဆုံးပြီး အခေါင်းသွင်းတော့မှာဖြစ်တဲ့အတွက် ဆေးရုံကို အလောတကြီးသွားရမဲ့ အချိန်မှာပဲ ပြည်တွင်းလုံ​​ခြုံ​​ ရ​ဌာနက သူတို့စခန်းကို ရှောင်တခင်ဝင်စစ်ဆေးပါတော့တယ်။ မောင်ဘလင်းတစ်ယောက် လောလောနဲ့ ဗျာများပြီး ကားမောင်းရာကနေ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။ အကျင့်ပျက်ခြစားရုံတင်မက ကားနဲ့လူပါတိုက်လိုက်မိတဲ့ ဘလင်းဟာ ဒီယာဥ်တိုက်မှုကို ခြေရာလက်ရာဖျောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ မျက်မြင်သက်သေတစ်ယောက်ဆီကနေ ခြိမ်းခြောက်မှုတွေရရှိလာတဲ့ခါ....ဘလင်းတစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ..?? သူရဲ့လာဘ်စားမှုတွေကရော ပေါ်လွင်သွားမှာလား..?? မျက်မြင်သက်သေကရော ဘာလို့ခြိမ်း ခြောက်နေရတာလဲ.. ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တာမလို့ အားလုံးအကြိုက်တွေ့ကြမယ့် Action, Crime, Thriller ကားသစ်လေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.2 GB) / (585 ...
movie

Restless (2022)

2022