Channel Myanmar

Sergi López

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)

The Prey (2011) 6.6
The Prey (2011) IMDb -6.6/10 ~ Rotten Tomatoes - 70%ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီးဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်းသူကလွဲရင်ဘယ်သူမှမသိပါဘူး။ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီးဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်ကဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်Rating တွေလည်း ကောင်းတာမလို့သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။ File size…  2 GB /  940 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated ...
movie

The Prey (2011)

2011
[18+]Map of the Sounds of Tokyo(2009) 6.7
[18+]Map of the Sounds of Tokyo(2009) [18+]Map of the Sounds of Tokyo(2009)*************************************ဂျပန်မင်းသမီးလေးRinko Kikuchi ကြည့်ရတာနဲ့တင်တန်ပါတယ်..နာဂရဆန်ရဲ့သမီးဟာ တိုကျိုမြို့မှာနေထိုင်တဲ့ စပိန်လူမျိုးဒေးဗစ်ဆိုတဲ့ သူနဲ့ချစ်ကြိုက်နေပါတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်ကိစ္စစကားပြောနေရင်း နာဂရဆန်ဆီကို သူ့သမီးသေဆုံးသွားကြောင်း ဖုန်းတစ်ခုဝင်လာတယ်။ တစ်ဦးတည်းသောသမီးသူ့ကိုယ်သူသတ်သေမှုဟာ သူ့ရည်းစားဒေးဗစ်ကြောင့်ဆိုတာ နာဂရဆန်ဟာ တစ်ထစ်ချယုံကြည်နေပါတယ်။ သမီးသေဆုံးမှုဟာသူ့အတွက်ရူးမတတ်ခံစာနေရတယ်။ အဲ့ဒါကြောင့် နာဂရဆန်ရဲ့တပည့်ဟာလက်စားချေဖို့အတွက် ရူး ဆိုတဲ့ကြေးစား မိန်းမလူသတ်သမားတစ်ယောက်နဲ့ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရူး ဟာ သူသတ်ရမယ့် ဒေးဗစ်နဲ့ဆုံပြီးတဲ့အခါမှာတော့.....File Size : (907 MB) and (487 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Map of the Sounds of Tokyo(2009)

Pacifiction (2022) 6.6
Pacifiction (2022) Pacifiction (2022)ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်း‌မြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်း‌မှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ...တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ...
movie

Pacifiction (2022)

2022
Rifkin’s Festival (2020) 6.2
Rifkin’s Festival (2020) Rifkin's Festival (2020)================= IMDb Rating - 6.2/10 Directed By Woody Allenကျွန်တော့်အကြိုက်ဆုံး အယ်လန်ရဲ့ ရုပ်ရှင်ဟာ Midnight In Parisပါပဲ။Midnight in Parisက ဇာတ်ကောင်ဟာ အနုပညာကို ခံစားတတ်ပေမဲ့ သူ့ကိုယ်ပိုင် မာစတာပိစ်ကို မရေးနိုင်သေးတဲ့ ရေးချင်နေတဲ့လူပါပဲ။ Rifkin's Festivalရဲ့ ဇာတ်ကောင် RIFKINဟာလည်း ဒီလိုလူပါပဲ။ဒီရုပ်ရှင်ဟာ Midnight in Parisရဲ့ အဆက်မဟုတ်ပေမဲ့ နှစ်ကားလုံးက ဇာတ်ကောင်နှစ်ကောင်လုံးက အယ်လန်ကိုယ်တိုင်ရဲ့ သူ့ကိုယ်သူပြန်တူးဖော် ထားတဲ့ ဇာတ်ကောင်တွေလို့ ယူဆလို့ရတယ်။ နောက် Rifkinဟာ Midnight in Parisရဲ့ အဖြေလို့ ဆိုလို့ရပါတယ်။Midnight in Parisမှာ ပါရီရဲ့အတိတ်ကာလကို အချိန်ခရီးသွားသလို ဟန်သုံးထားပြီး နာမည်ကျော်ပန်းချီဆရာတွေ စာရေးဆရာတွေ ဂီတဆရာတွေကို တမ်းတပြသွားခဲ့တယ်။ RIFKINမှာတော့ နာမည်ကျော်ဒါရိုက်တာတွေရဲ့ နာမည်ကြီးဇာတ်၀င်ခန်းတွေကို တစ်ဖြတ်တစ်ဖြတ် ဆိုသလို ထည့်သွားပြီး Homage to Cinema လုပ်သွားတယ်။Ingmar Bergmanရဲ့ 7th Sealအပြင် François Truffautတို့ Jean-Luc Godardတို့လို တန်းမြင့်ပြင်သစ်ဒါရိုက်တာတွေရဲ့ ရုပ်ရှင်တွေအပြင် ဟောလိဝုဒ်ရဲ့ အကောင်းဆုံးလို့ ဆိုခဲ့ကြဖူးတဲ့ Orson Wellesရဲ့ Citizen Kaneထဲက ဇာတ်၀င်ခန်းတွေကိုပါ ပြန်ယူသုံးပြီး Homage To ...
movie

Rifkin’s Festival (2020)

2020
Happy as Lazzaro(2019) 7.7
Happy as Lazzaro(2019) Happy as Lazzaro(2019) IMDb.....7.7,,,,,,,Rotten...89% ရိုးလွန်းတော့ အ တယ်လို့ပြောလို့ရတဲ့ လာ ဇာရိုရဲ့ အကြောင်းကိုကိုပြထားတဲ့ ၂၀၁၈ ထွက် အီတလီ Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ အန်ဗျူလတ်တာလို့ ခေါ် တဲ့ ရွာလေးမှာ ဆေးရွက်ကြီးစိုက်ပြီး အေးအေးချမ်းချမ်းနေကြတဲ့သူတွေရှိ ပါတယ်။ သူတို့ရဲ့နေရာက ခေါင်လွန်းလို့ အချိန်တော်တော်ကြာကြာ အပြင်လူတွေနဲ့မထိတွေ့ဖြ စ်ကြပါဘူး။ သူတို့တွေ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေကြပေမဲ့ လုပ်ခလစာ တစ်ပြားတစ်ချပ်မှမရပါ ဘူး။ မြို့စားလောက် အဆင့်ရှိတဲ့ မာကီးရာထူးကို ရရှိထားတဲ့ မာကီးကတော်ကို အကြွေးဆပ်နေရ ပါတယ်။ လာဇာရိုကတော့ အဲဒီရွာက ကိုပေါလို့ ပြောလို့ရတဲ့ ခပ်တုံးတုံး ခပ်ရိုးရိုး ကောင်လေးတစ်ေ ယာက်ဖြစ်ပါတယ်။ ခိုင်းသမျှကို မငြီးမငြူလုပ်တတ်ပြီး သူ့ဆိုရင် ခွဲခြား ဆက်ဆံတတ်ြ ကပေမဲ့ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားတတ်တဲ့သူလည်းဖြ စ်ပါတယ်။ အဲဒီလိုခွဲခြားဆက်ဆံတယ်ဆိုတာလည်း သိပုံမပေါ်ပါဘူး။ တစ်နေ့မှာ မာကီးကတော် ရဲ့သား မာကီးလောင်းလျာလေး တန်ခရေဒီ က အန်ဗျူလတ်တာကိုရောက်လာပါတယ်။ သူနဲ့ လာဇာရိုနဲ့ သိကျွမ်းသွားပါတယ်။ တန်ခရေဒီက ပြန်ပေးဆွဲခံရသလိုလုပ်ဇာတ်ဖန်တီးလိုက်တဲ့ အချိန်မှာ အစိုးရိမ်လွန်နေတဲ့ တန်ခရေဒီရဲ့ ဇနီးလောင်း ...
movie

Happy as Lazzaro(2019)

2018