Channel Myanmar

Sergio Castellanos

The Tree of Blood (2018) 6.4
The Tree of Blood (2018) ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာမိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူအိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူစာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီးအိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်းခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။ ဒါပေမယ့်အချိန်ပေးပြီးသေသေချာချာကြည့်နိုင်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအ​ဖြစ်အပျက်တွေပြောကြရင်းနာကျင်စရာအမှန်တရားတွေ ပေါ်လာပြီးမိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကိုသိရဖို့လမ်းစပေါ်လာပါတော့တယ်။ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီးမိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီးကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့လက်လွှတ်မခံဖို့ပြောချင်ပါတယ်။  Translated by : Pyi T NyeinEncoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 2.2GB and 1.4GBDuration : 2h 20minsSubtitle : Myanmar (Hardsub)   
movie

The Tree of Blood (2018)

32 Malasana Street (2020) 5.5
32 Malasana Street (2020) Malasana 32 (2020) ---------------------ကျွန်တော်တို့ ငယ်ငယ်တည်းက ရင်းနှီးပြီးသားပါ... သရဲတို့ဝိညာဉ်တို့ဆိုတာ သေခါနီးအစွဲကြီးရင် မကျွတ်မလွတ်နဲ့ ဘဝမကူးနိုင်တဲ့ ဘုံသားတွေဆိုတာကိုပေါ့... ဒီဇာတ်လမ်းမှာ အဓိက ဆွဲဆောင်သွားတာကလဲ မကောင်းဆိုးဝါးရဲ့ စွဲလမ်းစိတ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ အန်ပါရိုတို့ မိသားစုဟာ သူတို့မွေးရပ်ဇာတိဖြစ်တဲ့ ရွာမှာ အဆင်မပြေတာကြောင့် မြို့ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်... မိသားစုဝင်တွေကလဲ များတာကြောင့် တိုက်ခန်းဟောင်းကြီး တစ်ခုကိုသာ အရစ်ကျနဲ့ဝယ်နိုင်ခဲ့ပါတယ်. အဲ့အချိန်ထိသူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဒီလိုဈေးပေါပေါနဲ့ သူတို့မိသားစုဝင်ခြောက်ယောက်ကို ကျယ်ကျယ်ဝန်းဝန်းနေစေနိုင်လို့လေ...ဒါပေမယ့် အန်ပါရိုကတော့ စိတ်ထဲခြောက်ခြားနေခဲ့ပါတယ်..အဲ့လိုနဲ့တနေ့မှာတော့ အန်ပါရိုဟာ သူ့မောင်လေး ရာဖဲလ်ကို အိမ်မှာနေရင်းနဲ့ပျောက်သွားခဲ့တာကစပြီး ဒီတိုက်ခန်းကြီးဟာ မူမမှန်ကြောင်းကို သူတို့မိသားစုစပြီး သတိထားမိခဲ့ပါတယ်........အချိန်မတော် လမ်းလျှောက်သံတွေ ငြီးသံတွေနဲ့ ခြောက်ခြားလွန်းတာကြောင့် သူတို့မိသားစု တိုက်ခန်းပေါ်ကပါ ဆင်းပြေးပြီး အိမ်ကိုပြန်အပ်ဖို့ထိ လုပ်ခဲ့ပါတယ်... ကံဆိုးချင်တော့ တိုက်ခန်းကလဲ အပေါင်စာချုပ်နဲ့လုပ်ထားတော့ ပြန်အပ်မရခဲ့ပါဘူး.....အန်ပါရိုတို့မိသားစု ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? ဒီအိမ်ကြီးက မကောင်းဆိုးဝါးဟာ ဒီတိုက်ခန်းကို စွဲလမ်းနေတာလား.? သူဘာကိုစွဲလမ်းနေတာလဲ? အဲ့လိုမေးခွန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြောက်လည်းကြောက် ဆက်လည်းကြည့်ချင်စေမယ့် horrorဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်........  Translated and Encoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 1.8GB and ...
movie

32 Malasana Street (2020)

2020
Everybody Knows (2018) 7.1
Everybody Knows (2018) Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...Everybody know ဆိုတဲ့ဇာတ်​ကားဟာ စိတ်​ဝင်​စားစရာ ပ​ဟေဋ္ဌိများနဲ့ ပြည့်​နှက်​​နေတဲ့ဇာတ်​ကားတစ်​ကားတစ်​ကားဆိုလည်း မမှားပါဘူး။ဇာတ်​လမ်းအညွှန်း​က​တော့ ခင်​ပွန်းဖြစ်​သူအလုပ်​မအားလပ်​တာ​ကြောင့်​ရွာငယ်​​လေးမှာပြုလုပ်​တဲ့ ညီမဖြစ်​သူရဲ့ လက်​ထပ်​ပွဲကို ​လော်​ရင်းနဲ့ခ​လေးနှစ်​​ယောက်​ဟာ တက်​​ရောက်​ဖို့ ထွက်​လာခဲ့ကြပါတယ်​။မင်္ဂလာပွဲကျင်းပတဲ့ညမှာ​တော့ မိဘ​ဆွေမျိုးများ ပာတီပွဲပြုလုပ်ရင်း​​အားလုံး​ပျော်​ရွှင်​ကခုန်​​နေရင်းနဲ့ မီးပျက်​သွားတဲ့အခါမှာ​တော့ ​လော်​ရင်းရဲ့သမီးဖြစ်​သူအိုင်​ရင်းဟာ ရုတ်​တရက်​​ပျောက်​ဆုံးသွားခဲ့ပါတယ်​။သမီးဖြစ်​သူရဲ့ အိပ်​ယာ​ပေါ်မှာ​တော့ ပြန်​​ပေးဆွဲခံရတဲ့ သတင်းစာဖြတ်​ပိုင်းအ​ဟောင်းများကို​တွေ့ရှိခဲ့ရပြီး အိုင်​ရင်းကို​တော့ ဘယ်​မှာမှ လိုက်​ရှာလို့ မ​တွေ့ခဲ့ပါဘူး။မင်္ဂလာပွဲမှာ ရှိ​နေတဲ့လူစာရင်းက​တော့ ​လော်​ရင်းရဲ့မိဘ ​မောင်​နှမ ​ဆွေမျိုးများ၊​လော်​ရင်းရဲ့အိမ်​နီးချင်း ရည်​စား​ဟောင်းဖြစ်​ခဲ့ဖူးသူပါကိုတို့လင်​မယားနဲ့ ပြုပြင်​​ရေးစင်​တာက လူငယ်​​လေးများပဲ ဖြစ်​ပါတယ်​။အိုင်​ရင်းကို ပြန်​​ပေးဆွဲသွားတာ ဘယ်​သူဖြစ်​မလဲ၊ဘာ့​ကြောင့်​ပြန်​​ပေးဆွဲသွားရတာလဲ၊ပြန်​​ကော​တွေ့နိုင်​ပါ့မလား၊ဒီဇာတ်​ကား​လေးရဲ့ နာမည်​နဲ့​ကော ဘယ်​လိုဆက်​စပ်​ထားလဲဆိုတာ​တော့မြုပ်​ကွက်​၊ လှည့်​ကွက်​များစွာနဲ့ ဇာတ်​ကား​လေးထဲမှာ စိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာ ဖြစ်​ပါတယ်.. File ...
movie

Everybody Knows (2018)

2018