Channel Myanmar

Şerif Erol

In Your Dreams(2023) 6.1
In Your Dreams(2023) In Your Dreams(2023)********************* ကျွန်တော်တို့ဘဝမှာ ကိုယ်ချစ်ရတဲ့သူကို အိပ်မက်ထဲမှာတွေ့ချင် ဆုံဆည်းချင်တဲ့စိတ်ကူး‌လေး လူတိုင်းရှိဖူးကြမှာပါ...။ တစ်ယောက်သောသူကို အိပ်မက်ထဲမှာတွေ့လိုက်တယ် နံနက်နိုးလာတော့ လက်တွေ့ဘဝမှာရော သူရှိနေမလားဆိုပြီး တမ်းတမိတဲ့ခံစားချက်မျိုးလည်း ကြုံဖူးတယ်မလား။ ကိုယ့်ချစ်သူနဲ့အတူ အနာဂတ်ကို အိပ်မက်လေးမက်ပြီး သွားကြည့်ခွင့်ရရင်ရော ဘယ်လောက်ကောင်းမလဲပေါ့‌နော်..။ ဒီကားလေးကတော့ အဲ့လိုအချစ်အိပ်မက်ကို တမ်းတတတ်သူတိုင်းကြည့်သင့်တဲ့ Plot ဆန်းဆန်းလေးနဲ့ တူရကီအချစ်ဇာတ်လမ်းလေးပါ...။ ဇာတ်လမ်းထဲမှာတော့ မင်းသားနဲ့ မင်းသမီးဟာ လက်တွေ့လောကမှာ ခင်မင်သိကျွမ်းသူတွေမဟုတ်ပါဘူး... ဘဝကို ပေါ့ပေါ့ပါးပါးနေထိုင်ရင်း အိမ်ထောင်ပြုဖို့ဆိုတာလည်း စိတ်ကူးရှိသူတွေ မဟုတ်ကြပါဘူး။ ကံတရားက ဆန်းကြယ်တော့ သူတို့နှစ်ဦးဟာ အိပ်မက်တစ်ခုတည်းကိုပဲ နှစ်ယောက်အတူမက်ခဲ့ကြတယ်...။ အဲ့ဒီ အိပ်မက်လိုလို အနာဂတ်လိုလို လောကထဲမှာ သူတို့ဟာ လင်မယားအဖြစ်အိမ်ထောင်ကျခဲ့တာ နှစ်နှစ်ရှိနေပါပြီတဲ့ လုံးဝမသိကြတဲ့ သူစိမ်းနှစ်ယောက် အိမ်မက်တစ်ခုတည်းအတူပိတ်မိနေတော့ နိုးထဖို့အတွက် နည်းလမ်းရှာပါတော့တယ်...။ သူတို့ရဲ့ အိပ်မက်က တကယ်ပဲအိပ်မက်လား၊ လက်တွေ့ဘဝလား၊ အနာဂတ်ကို ခဏရောက်သွားတာလားဆိုတာတော့...ဒီဇာတ်လမ်းထဲမှာပဲ ကြည်ကြည်နူးနူးစီးမျောရင်း အဖြေလိုက်ရှာကြည့်ပါဗျာ...။File Size : (1.3GB) and (621MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : ...
movie

In Your Dreams(2023)

In Your Dreams (2023) 5.6
In Your Dreams (2023) In your Dreams (2023) =============== IMDb rating - 5.6/10ပရိတ်သတ်ကြီးထဲမှာရော ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာနဲ့ တစ်နေ့ ၂၄ နာရီ ဆိုတဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်အချစ် ကိုရှာတွေ့မှာလဲ၊ အချစ်ရေးအချစ်ရာအတွက်ရော အလုပ် အတွက်ကိုပါ အချိန်ပေးဖို့ မလုံ‌လောက်ဘူးလို့ ထင်နေတဲ့ Single လေးတွေရှိလား ဒါဆိုရင်တော့ ဒီဇာတ်ကားကို ကြည့် သင့်ပါပြီ။ ဒီကားထဲမှာကတော့ လူတစ်ယောက်ကို ချစ်မိဖို့ အချိန် ၂ မိနစ်နဲ့ ၄၁ စက္ကန့်ပဲလိုပါတယ်တဲ့ဇာတ်ကားအကျဉ်းလေးကတော့.. အဲဒီခံစားချက်ကိုအားလုံးလည်းသိကြမှာပါ ကိုယ်နဲ့လုံးဝမသိ တဲ့သူစိမ်းတစ်ယောက်ဆိုပေမဲ့ သူနဲ့မျက်လုံးချင်းဆုံမိသွားတာနဲ့ အချိန်တွေနှေးသွားသလို ခံစားချက်မျိုးပေါ့၊ ပြီးတော့ ဘာမှမဖြစ် သလိုမျိုး ကျောခိုင်းပြီး ကိုယ်စီထွက်သွားလိုက်ကြတယ်။ ဒီလို အဖြစ်အပျက်မျိုးက Pelin နဲ့ Engin တို့ ပထမဆုံး စဆုံတွေ့တဲ့ အချိန်မှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့မနက်လည်း ရောက်ရော နှစ်ယောက်စလုံး တစ်အိပ်ယာထဲမှာ နိုးလာခဲ့ပါတယ်။ ပြီးတော့ သူတို့ကလက်ထပ်ပြီးသွားပြီ အချိန် ၂ နှစ်တောင် ကြာ သွားပြီတဲ့၊ ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်..မဟုတ်ဘူး..အိပ်မက်ဆိုး တစ်ခုပဲ..အခုတော့ သူတို့ချစ်မိမှပဲနိုးထနိုင်တော့မှာ.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.5 GB) / (550 ...
movie

In Your Dreams (2023)

2023