Channel Myanmar

Shae Robins

My One True Love (2022) 5.9
My One True Love (2022) Review- Ali ရယ် Brooke ရယ် Helen တို့ သူငယ်ချင်း 3ယောက်ဟာ တစ်နေ့မှာ Carnival ပွဲတော်မှာအပန်းဖြေနေရာ ထူးဆန်းတဲ့မိန်းမကြီးနဲ့တွေ့ဆုံပြီး သူတို့3ယောက်ကို ဟောကိန်းတွေထုတ်ပေးခဲ့ပါတယ်. အစကတော့ပေါ့ပေါ့တန်တန်ပဲယူဆခဲ့ပြီး နောက်ကျတော့မှ ဟောကိန်းတွေကအမှန်တကယ်ဖြစ်လာခဲ့တာကို သတိထားမိလာခဲ့ပါတယ်.ဒီတော့ သူတို့ 3ယောက်ဟာ ဟောကိန်းတွေထဲက မကောင်းတဲ့အချက်တွေဖြစ်ပြီးနောက်မှာတော့ ကောင်းတဲ့အချက်ကိုအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်. အဲဒီထဲက Ali ဟာ John နာမည်နဲ့ဆိုတဲ့လူကို ပါတနာအဖြစ်ရွေးချယ်ရမှာဖြစ်တာကြောင့် John နာမည်ရှိတဲ့ သူတွေကိုသူငယ်ချင်း Brooke နဲ့ Helen တို့ရဲ့အကူအညီတွေနဲ့ လိုက်ရှာပြီးဒိတ်လုပ်ကြည့်ဖို့စီစဉ်လာပါတယ်.တစ်ဖက်မှာတော့ Ali ဟာ Sean ဆိုတဲ့လူနဲ့ ရေစက်ကြုံနေသလို ခဏခဏတွေ့ဆုံရတဲ့အခြေအနေတွေဖြစ်လာပါတယ်. Sean ဟာ Ali ကို Carnival ပွဲတော်တည်းကစတင်ပြီးသတိထားမိနေတာပါ. တွေ့ဆုံရတဲ့အခြေအနေတိုင်းမှာလဲ Sean က Ali ကို ကူညီတတ်ပါတယ်. ဒီတော့ Ali ဟာ ...
movie

My One True Love (2022)

Destined at Christmas (2022) 6.8
Destined at Christmas (2022) Destined at Christmas (2022) ======================= IMDb Rating - 6.8/10Black Fridayဆိုတာ အမေရိကန်အခေါ်မှာတော့ ခရစ္စမတ်ကာလ ကျေးဇူးတော်နေ့အလွန် တစ်ရက်(သောကြာနေ့)ကို‌ဆိုလိုပါတယ်။ အဲဒီနေ့ကို ခရစ္စမတ်အတွက် ရောင်းဝယ်ဖောက်ကားတဲ့ရာသီအစလို့ သတ်မှတ်ကြပြီး အရောင်းဈေးတွေလည်း ချပေးကြတဲ့ကာလဖြစ် ပါတယ်။အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ကလေးအဖေတစ်ခုလပ် ဖြစ်တဲ့ Theo Hallနဲ့ ရည်းစားဖြစ်သူနဲ့လမ်းခွဲထားတာ လပိုင်းလေးသာ ရှိသေးတဲ့ Kim Fenechတို့ဟာ ဆုံမိကြလေရဲ့။ တစ်မနက်လုံး စကားတွေဖောင် ဖွဲ့ရင်းသံယောဇဉ်တွေ ငြိတွယ်လာသော်ငြားလည်း စတိုးဆိုင်တစ်ဆိုင်ထဲ အဝင်မှာမီးအား ပြတ်တောက်သွားတာကနေ အစပြုပြီး လူချင်းကွဲ သွားကြပါတော့တယ်။ Kimနဲ့ Theoဆိုပြီး နာမည်လေးအစလေးတစ် လုံးသာ သိကြတဲ့ သူတို့နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ရှာကြဖို့ကြိုးပမ်းတဲ့အခါ ဘယ်လိုဘယ်ပုံတွေဖြစ်လာမှာလဲ။ သူတို့ တတွေရဲ့ မေတ္တာလမ်းခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကို တော့ဆက်လက်ကြည့်ရှုရမှာပါ။ဒီဇာတ်ကားကိုတော့ Romanceတွေသာရိုက်လေ့ရှိတဲ့ Brittney Wiscombeက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating မှာ 6.8/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hugo ဖြစ်ပါတယ်)File Size..........(789 MB) / (477 MB) Quality............WEB-DL 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar ...
movie

Destined at Christmas (2022)