Channel Myanmar

Shaheen Khan

You Will Meet a Tall Dark Stranger (2010) 6.8
You Will Meet a Tall Dark Stranger (2010)  လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကိုရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက်ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကိုထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ်လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲအိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစုဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

You Will Meet a Tall Dark Stranger (2010)

What’s Love Got to Do with It? (2022) 6.4
What’s Love Got to Do with It? (2022) What's Love Got to Do with It? (2022) =========================== IMDb Rating - 6.4/10ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို ...
movie

What’s Love Got to Do with It? (2022)

2022
Bend It Like Beckham (2002) 6.6
Bend It Like Beckham (2002) IMDb Rating (6.6) / Rotten Tomatoes (85%)မင်းသမီးကီရာနိုက်တလေပါဝင်တဲ့ဒီဇာတ်ကားလေးက Sport,Comedy,Drama ပုံစံနဲ့ ဟိုးအရင်တုန်းက ကားလေးဖြစ်ပေမယ့် ကြည့်ရှုသူတွေအတွက် လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားလဲ ဖြစ်မှာပါ။ လွမ်းစရာဆိုတာကတော့ မန်ယူဖန်တွေအတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ မန်ယူနဲ့ ဘက်ခမ်းတို့ လျှမ်းလျှမ်းတောက် ကျော်ကြားစဉ်က ထွက်လာခဲ့တဲ့ဒီကားလေးဟာ ပေါ့​ပေါ့ပါးပါးနဲ့ အိန္ဒိယ၊ အင်္ဂလိပ် ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယကောင်မလေးတစ်ယောက်ဟာ ယဉ်ကျေးမှုတွေကနေ သွေဖီပြီး ဘောလုံးကန်ချင်တဲ့ ဆန္ဒပြင်းပြနေခဲ့တယ်။ သူ့ရဲ့ အိုင်ဒေါကလည်း ဒေးဗစ်ဘက်ခမ်း။ ဘက်ခမ်းကို အရူးအမူးဖြစ်ရာကနေ ဘောလုံးကန်တဲ့နေရာမှာလည်း ထူးချွန်အောင်ကြိုးစားတယ်။ ဒါပေမယ့် အိန္ဒိယတို့ရဲ့ ထုံးစံအရ ဒါဟာ မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုပြီး မိဘ​တွေက တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သူကလည်း တစ်ချိန်ကျရင် ဒေးဗစ်ဘက်ခမ်းလို ဝေ့ဝိုက်ကန်ကွက်တွေနဲ့ ကမ္ဘာကျော်ရမယ်လို့ စိတ်ထဲတွေးထားတာ။ အဲဒီလိုနဲ့ ကျောင်း မိန်းကလေးအသင်းက လူတွေနဲ့တွေ့တဲ့အခါ သူဘယ်လိုဖြစ်လာမှာလဲ။ ကမ္ဘာကျော်သွားမှာလား။ ဒေးဗစ်တို့နဲ့ တွေ့ရမလား၊ အိမ်ကကော အသာတကြည်ခွင့်ပြုနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ မန်ယူဖန်တွေအနေနဲ့ကတော့ ဝမ်းနည်းပက်လက်ဖြစ်စေမယ့် ကားလေးဆိုတာ အာမခံပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ...
movie

Bend It Like Beckham (2002)