Channel Myanmar

Shaheizy Sam

Polis Evo 3 (2023) 6.9
Polis Evo 3 (2023) Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator .....  aungmo3han Encoder ...
movie

Polis Evo 3 (2023)

2023
Polis Evo 2 (2018) 7
Polis Evo 2 (2018) Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Polis Evo 2 (2018)

2018
Polis Evo (2015) 6.7
Polis Evo (2015) Polis Evo 1 (2015) IMDb - 6.7/10အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Comedy, Crime Quality…. 1080p | 720p File size…  2.2GB | ...
movie

Polis Evo (2015)

2015
Tiger Stripes (2023) 6.1
Tiger Stripes (2023) Tiger Stripes 2023ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက် မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။.....ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့ အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။......ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေ မိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါ ထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေ ယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့ ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲ တစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့် သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာ အရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ... ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲ အာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့ ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 1.9GB | 758MB Format… ...
movie

Tiger Stripes (2023)

2023
Malbatt: Misi Bakara (2023) 6.8
Malbatt: Misi Bakara (2023)  ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre...Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
movie

Malbatt: Misi Bakara (2023)