Channel Myanmar

Shamna Kasim

Akhanda (2021) 7.8
Akhanda (2021) Akhanda 2021 Drama/ Fantasy IMDb 7.9/10၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကိုရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။ Box office မှာကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက်ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ်မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်ကကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေကတစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်းအ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီးကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီးကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းကဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာသဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီးသဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်ကပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာသဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီးဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ...
movie

Akhanda (2021)

2021
Thalaivii (2021) 5.9
Thalaivii (2021) ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing
movie

Thalaivii (2021)

Sundari [2021] 7.4
Sundari [2021] IMDb Rating 7.4ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါပဲ..ဆွန်ဒရီဆိုတဲ့ အမျိုးသမီးက နန်းဆန်တဲ့အလှနဲ့ ရိုးသားတဲ့ ကျေးတောသူလေးတစ်ယောက်ပါ...သူဟာမြို့သားတစ်ယောက်နဲ့ မထင်မှတ်ဘဲ အိမ်ထောင်ကျသွားပြီးခင်ပွန်းသည်ရှိတဲ့မြို့ကို လိုက်နေကြပါတယ်...သူမရဲ့ ခင်ပွန်းသည်က မိဘမဲ့တစ်ကောင်ကြွက်...နည်းနည်းလည်း ဆိုက်ကိုဆန်တယ်...သူမရဲ့အလှက လုံးကြီးပေါက်လှဆိုတော့ ခင်ပွန်းသည်ရဲ့အထက်အရာရှိက သူမကိုတွေ့သွားတဲ့အခါ...ခင်ပွန်းသည်ကပါ သူမကို အဲ့ဒီအထက်အရာရှိဆီ ရောင်းစားပစ်ဖို့ ကြံလာတဲ့အခါ...အမျိုးသမီးတွေအတွက် အိမ်ထောင်‌‌‌ရေးအကြမ်းဖက်မှု ပညာပေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File Size : [1.7 GB] / [999 MB] / [500 MB] Quality : WEB-DL 1080p / 720p / 480p Running Time : 01:52:00 Format : Mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Thuya Encoded by RGB
movie

Sundari [2021]