Channel Myanmar

Shane Mackinnon

Resident Evil: Apocalypse (2004)
Resident Evil: Apocalypse (2004) ဒီဇာတ်ကားက Franchiseရဲ့ ဒုတိယ​မြောက်ကားပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းထဲက အဓိကprotagonistတစ်​ယောက်ဖြစ်တဲ့ ​ဂျေး ဗယ်လန်တိုင်း စတင်ပါဝင်လာခဲ့သလို Nemesisဆိုတဲ့ zombie ဗီလိန်ကြီးကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်နဲ့ တိုက်ရိုက်ချိတ်ထားပြီး Hiveက​နေ ပြန်လွတ်လာတဲ့ အဲလစ်နဲ့မတ်ကို အမ်ဘရဲလားကလူ​တွေ ဖမ်းဆီးသွားတာနဲ့ ဇာတ် စဖွင့်ထားပါတယ်။Hiveထဲမှာ ပျံ့သွားတဲ့ ဗိုင်းရပ်ပိုးက သူ့အ​ပေါ်က ရက်ကွန်မြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးမှာ ဇွန်ဘီကပ်ကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ အမ်ဘရဲလားက အ​ထက်လူကြီး​တွေကိုပဲ ကယ်ထုတ်ပြီး ပြည်သူ​တွေကို​တော့ ကွာရန်တင်းသ​​ဘော ပိတ်ဆို့ထားပြီး မြို့ကို ​နူကလီယားဗုံးနဲ့ဖောက်ခွဲကာ ပိုးဆက်မပျံ့​အောင် ထိန်းဖို့ကြိုးစား ခဲ့တာပါ။ အဲဒီအချိန် သမီးဖြစ်သူ အန်ဂျလာအက်ရှ်ဖို့ဒ် မြို့ထဲမှာ ကျန်​နေခဲ့တဲ့အခါ အမ်ဘရဲလားရဲ့သု​တေသနပညာရှင် ​ဒေါက်တာ ချားစ်အက်ရှ်ဖို့ဒ်က ရက်ကွန်းမြို့က​နေ ထွက်နိုင်မယ့်နည်းလမ်းနဲ့ သူ့သမီးကို အလဲအလှယ်လုပ်ဖို့ ​ကမ်းလှမ်းခဲ့ပါတယ်။အဲလစ်၊ဂျေးလ်နဲ့ ​ကြေးစားစစ်သားတစ်စုဟာ ဇွန်ဘီ​တွေပြည့်​နေတဲ့ ရက်ကွန်မြို့ထဲမှာ အက်ရှ်ဖို့ဒ်ရှာပုံ​တော်ထွက်ရင်း ဘယ်လိုကိစ္စ​တွေ ကြုံရမလဲ၊ အက်ရှ်ဖို့ဒ်ကို ရှာ​တွေ့ပါ့မလား၊ မြို့ကို ရှင်းပစ်ချင်​နေတဲ့ အမ်ဘရဲလားရဲ့လူ​တွေလက်က လွတ်ပါ့မလားဆိုတာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။   File size…     2.8 GB / 1.5 GB /  ...
movie

Resident Evil: Apocalypse (2004)

4K HEVC