Channel Myanmar

Shanésia Davis

The Weather Man(2005) 6.6
The Weather Man(2005) The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie

The Weather Man(2005)

The Thing About Harry (2020) 7.2
The Thing About Harry (2020) The Thing About Harry (2020) ======================IMDb Rating 7.2/10#Unicodeဒီကားလေးမှာတော့ Jake Borelli, Niko Terho, Britt Baron, Japhet Balaban တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မကြာသေးခင်က ချစ်သူရဲ့ သစ္စာဖောက်ခံလိုက်ရတာ Samက အချစ်မှာစိတ်ပျက်သွားပြီး စိတ်အပြောင်းအလဲအနေနဲ့ သူ့ငယ်သူငယ်ချင်း kellyရဲ့ စေ့စပ်ပွဲရှိတာနဲ့ အိမ်ကိုပြန်ခဲ့တယ်။ အဲ့အသွားလမ်းမှာ အရင်က သူ့အပေါ်ဗိုလ်ကျခဲ့တဲ့ Harryနဲ့ကားအတူတူစီးရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း တစ်ယောက်အပေါ်ထားတဲ့ အမြင်တွေရှင်းသွားပြီးနောက်မှာ HarryကPansexual မှန်းသိသွားတဲ့အခါ Samတစ်ယောက် ဘယ်လိုမျိုးလေးတွေ ဖြစ်သွားမလဲ။ Harryကကော Samအပေါ်အရင်လိုဗိုလ်ကျမြဲကျပြီး ပုံမှန်သူငယ်ချင်းအဖြစ်ပဲ ဆက်နေသွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ပုံမှန် LGBTဇာတ်ကားတွေလိုမဟုတ်ပဲ ဖြစ်တတ်တဲ့ အခက်အခဲတွေ အနှောင့်အယှက်လေးတွေကိုရင်ဆိုင်နားလည်ပြီး ရှေ့ဆက်လျှောက်ရတဲ့ လူသဘောကို ဖော်ထားတဲ့အတွက် တစ်မူထူးတဲ့ LGBTကားတစ်ကောင်းဖြစ်တာမို့အတူစီးမျှော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။(Mature sceneနဲ့ ရိုင်းပြတဲ့ အသုံးအနှုန်းအချို့ပါဝင်ပါတယ်) #Zawgyiဒီကားလေးမှာတော့ Jake ...
movie


2020