Channel Myanmar

Shanmugarajan

Merry Christmas (2024) 7.7
Merry Christmas (2024) Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ‌ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့‌ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie

Merry Christmas (2024)

2024
Pariyerum Perumal (2018) 8.8
Pariyerum Perumal (2018) Pariyerum Perumal(2019)Tamil အချစ်ကားကောင်းကောင်းလေး စောင့်မျှော်နေတဲ့သူတွေအတွက်IMdb Rating 8.8 နဲ့ Rotten Tomatoes မှာAudience Score 87% ရထားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ဇာတ်နိမ့်ဇာတ်မြင့်ကွာခြားမှုကြားက ပေါ်ပေါက်လာတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါပုံမှန်ကျွန်တော်တို့ကြည့်ဖူးနေကျ ဒီလိုအချစ်ဇာတ်လမ်းတွေနဲ့မတူတာဘာလဲဆိုတော့ ဗြုန်းစားကြီး ဇာတ်တွေနာ ချစ်ကြိုက်ခွဲခွာ အဲ့လိုပုံစံမျိုးမဟုတ်ဘဲသူတို့နိုင်ငံမှာ အရမ်း Sensitive ဖြစ်တဲ့ ဒီလိုပြဿနာတစ်ခုကိုသိမ်သိမ်မွေ့မွေ့ချည်းကပ်ပြီး ရိုက်ပြသွားနိုင်တာပါKarnan ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Mari Selvaraj ရဲ့လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေထဲက တစ်ကားပါပဲသူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ထားတယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင်တော့ တောရွာကရိုးသားတဲ့ကောင်လေးတစ်ယောက်ဥပဒေကောလိပ်သွားတက်ပြီး ကောင်မလေးတစ်ယောက်နဲ့ချစ်မိသွားတဲ့ ဇာတ်လမ်းမျိုးပါသုံးထားတဲ့သီချင်းတွေလည်း တော်တော်ကောင်းပါတယ်ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ကားလုံးသာပြီးသွားတယ်ချစ်တယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှပြောမသွားကြပါဘူးဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်ကိုဖော်ကျူးရိုက်ပြသွားတယ်လို့ ကျွန်တော်တော့ခံစားရတယ်သို့ပေမဲ့လည်း လစ်ဟာချက်တွေလည်း အနည်းငယ် ရှိနေတာမလို့၁၀၀ % ကောင်းတယ်လို့မှတ်ချက်ပြုလို့မရပေမဲ့ဆုများစွာ ရရှိထားတဲ့ကားဆိုတော့ ကြည့်ရှုသင့်တဲ့ထဲပါတယ်လို့ အကြံပြုချင်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကတော့ Amelia ပါ)  File size…2.47GB ...
movie

Pariyerum Perumal (2018)

2018
1080p HEVC
Laabam(2021)
Laabam(2021) Laabam (2021)ကဲ .. ဒီနေ့မှာလည်း Tamil ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Laambam တဲ့ Tamil ဘာသာစကားနဲ့ဆိုရင်တော့ “အကျိုးအမြတ်” ။လောကမှာလူတွေက ဘယ်အရာကိုမဆို အကျိုးအမြတ်ရမှ လုပ်ချင်ကြတာမဟုတ်လား။အကျိုးအမြတ်မရဘဲ ဘယ်သူကမှတော့ အချိန်ကုန်လူပန်းခံပြီး ဘာမှမလုပ်ချင်ကြဘူး။အဲဒီအကျိုးအမြတ်မှာ နှစ်မျိုးရှိိတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့အကျိုးအမြတ်ရယ်၊ကိုယ့်စေတနာအကျိုးကြောင့်ပြန်ရတဲ့ ကရုဏာမေတ္တာအမြတ်ရယ်။ဒီဇာတ်လမ်းလေးကိုတော့ Peruvayal လို့ခေါ်တဲ့ရွာလေးအကြောင်းကိုအခြေတည်ပြီးရိုက်ကူးထားတာပါ။ မင်းသားဖြစ်တဲ့ Pakkiri ကဇာတိရွာလေးကစွန့်ခွာသွားခဲ့ရပြီး တစ်ဖန်ပြန်ရောက်လာတဲ့အချိန်မှာသူရွာလေးရဲ့စီးပွားရေးလုပ်ငန်း ကစဉ့်ကလျားဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကိုဖာသိဖာသာနေလို့ရပေမယ့် ကိုယ့်ဇာတိကရွာသူရွာသားတွေကိုဆွေမျိုးသားချင်းတွေလိုသဘောထားပြီး လယ်ယာမြေလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်အတူတူလုပ်ကြဖို့ ရတဲ့အကျိုးအမြတ်ကိုခွဲဝေယူကြဖို့စည်းရုံးပြီး “လယ်ယာမြေအဖွဲ့အစည်း” တစ်ခုတည်ထောင်လိုက်တယ်။သူ့ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးအောင်မြင်ပြီးအဆင်ပြေနေတဲ့အချိန်မှာ ဘီလူးခေါင်းဆောင်းထားတဲ့Vangamudi ကြီးက ပြည်သူပိုင်မြေနေရာမှာ သူ့အကျိုးအတွက်ဘိုင်အိုဒီဇယ်စက်ရုံကြီးဆောက်ဖို့ လယ်မြေတွေကိုအပိုင်သိမ်းဖို့ကောက်ကျစ်တဲ့နည်းလမ်းမျိုးစုံသုံးကြိုးစားပါတော့တယ်။ဒီလိုနဲ့အဆုံးသတ်မှာ အများအကျိုးသယ်ပိုးပြီးအားလုံးရဲ့မေတ္တာကိုရရှိထားတဲ့ လူထုခေါင်းဆောင် Pakkiri နဲ့ကိုယ့်အကျိုးအတွက်သာကိုယ်ကြည့်ပြီး အမျိုးစုံယုတ်မာတဲ့Vangamudi တို့နှစ်ဦးရဲ့ဘဝအဆုံးသတ်ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါတော့နော်။ File size…2.17GB / 1.3GB Quality…1080p True WEB DL  Format…Mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu & ...
movie

Laabam(2021)

2021
HEVC 1080p 5.1
Thalaivii (2021) 5.9
Thalaivii (2021) ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing
movie

Thalaivii (2021)

Karnan (2021) 8.5
Karnan (2021) IMDb Rating (8.6)၁၉၉၇ ခုနှစ်မတိုင်ခင်က ပိုဒီရန်ကုလမ် ဆိုတဲ့ ရွာလေးမှာ ကာနန်ဆိုတဲ့ ‌ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ရှိတယ်...သူက မတရားမှုဆို ငြိမ်ခံမနေဘဲ ဒေါသကိုရှေ့တန်းတင်တက်တာကြောင့် ပြဿနာကောင်ဆိုပြီး နာမည်ကြီးနေရော..ပိုဒီရန်ကုလမ်ရွာလေးက ဝေးလံတဲ့အရပ်မှာရှိပြီး ဘတ်စ်ကားမှတ်တိုင်တောင်မရှိလို့ရွာသားတွေက အနီးနားက မေလာရွာလေးမှာ ကားသွားစီးကြရတယ်...ဒါတွေကြောင့်လဲ ပိုဒီရန်ကုလမ်ရွာသားတွေက နေရာတကာမှာ အဖိနှိပ်ခံ အောက်ကျို့ခံပြီးနေနေကြရတယ်..တစ်နေ့ ရွာလမ်းဆုံမှာ ဘတ်စ်ကားမရပ်ပေးလို့ ခဲနဲ့ထုရာကနေ ပြသနာစပြီးကာနန်က ကားတစ်စီးလုံး ရိုက်ခွဲလိုက်တာကြောင့် ရွာသားတွေအားလုံး ရဲနဲ့အမှုရင်ဆိုင်ရပါတော့တယ်...ရဲတွေကထုံးစံအတိုင်း အမှုနဲ့မဆိုင်တဲ့ ရွာသားတွေကိုပါ တမင်အနိုင်ကျင့်ရိုက်နှက်တာကြောင့်ဖိနှိပ်ခံလူတန်းစားတော်လှန်ရေးပေါ်ပေါက်လာပါတယ်...မျိုးချစ်ကောင်လေး ကာနန် ဦးဆောင်ပြီးရွာသား‌တွေနဲ့အတူ အဖိနှိပ်ခံဘဝ‌ကနေလွတ်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sein Lae မှ တင်ဆက်ထားတာပါ။)  File size…(3 GB) and (1.9 GB) Quality….WEB-DL 1080p ...
movie

Karnan (2021)