Channel Myanmar

Shao Bing

Raid On The Lethal Zone ( 2023 ) 5.9
Raid On The Lethal Zone ( 2023 ) အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့ သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့် အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့ တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့ နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Raid On The Lethal Zone ( 2023 )

The Myth (2005) 6.2
The Myth (2005) တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။   File ...
movie

The Myth (2005)

2005
1080p HEVC
The Tipping Point ( 2022 ) 5.8
The Tipping Point ( 2022 ) CM ကနေ ရုပ်ရှင်ကားကောင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေကျဖြစ်သလို အခုတစ်ခါမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ငွေကြေးခဝါချမှုတွေ တရားမဝင်ငွေချေးမှုတွေ အကြောင်းရိုက်ကူးထားတဲ့ ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူလေး ကျောက်ရွှယ်နင်တစ်ယောက် ချေးငွေကိစ္စနဲ့ပက်သက်ပြီး အာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားခဲ့ပါတယ်ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာမကြာသေးတဲ့ မှုခင်းရဲအရာရှိ ချန်ရွေ့တစ်ယောက်က ဒီအမှုကို လက်ခံပြီး ရှာဖွေစုံစမ်းရာမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိလာခဲ့ပါတယ်အဲ့နောက်မှာတော့ အထက်အရာရှိ စခန်းမှူးတုက ဒီအမှုကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ခိုင်းပါတော့တယ် ချန်ရွေ့တစ်ယောက် ဒီအမှုရဲ့ကြိုးစကို စတင်ဖြည်ရင်း ပိုပိုရှုပ်ထွေးလာမှန်းသိလိုက်ရပါတယ် အာမခံကုမ္ပဏီအပြင်ကို မြို့ရဲ့ မျက်နှာဖုံး စီးပွားရေးသမား အန်းယိမင်နဲ့သူ့ဇနီး ကျိုးထုံတို့လည်း ပါဝင်ပက်သက်နေတာကို သိလိုက်ရပါတယ် တွင်းနက်လေလေ နှိုက်ရခက်လေလေဆိုတော့ ဒီဝမ်းဟိုင်မြို့မှာ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကို ဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်ဆောင်သွားမှာလဲ ဒီအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံစည်တွေ ရှိနေမှာလဲဆိုတာကိုတော့ ခုတင်ဆက်ပေးမယ့် ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်~~~~~~~~ [ Reviewed By Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 14 ...
movie

The Tipping Point ( 2022 )

Looking Up (2019) 6.1
Looking Up (2019) Looking Up (2022)ဒီလိုကားမျိုးကို ရီဗျူးရေးဖို့ အများကြီးစဉ်းစားရပါတယ်။ ဇာတ်လမ်းကကောင်းပြီး ရီဗျူးချာသွားမှာဆိုးလို့ပါ။ ရီဗျူးကို သည်းခံဖတ်ပြီး ဘယ်လိုနေနေ ဇာတ်ကားကိုတော့ဒေါင်းပြီးကြည့်လိုက်ကြပါ။ ပေးရတဲ့အချိန်နှစ်နာရီခွဲနဲ့တန်အောင် ကြည့်ရမှာပါ။ ဘာသာပြန်နေရင်းနဲ့တောင် ကြက်သီးမွှေးညင်းထရတဲ့အထိ ဒိုင်ယာလော့ခ်တွေက ထိမိသလို Deng Chao၊ Bai Yu၊ Li Jianyi တို့လိုဝါရင့်သရုပ်ဆောင်တွေမို့ အကယ်ဒမီရှော့ခ်ပါပဲဗျာ။တရုတ်ပြည်ရဲ့အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်တဲ့ မာဖေး အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တရုတ်ပြည်ရဲ့ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ပညာရေးစနစ်အပြင် မိဘနဲ့သားသမီးကြားက သံယောဇဉ်နဲ့ယုံကြည်မှုကို အဓိကရိုက်ပြထားပါတယ်။တုန်းဖေနယ်ရဲ့ ဂုဏ်ထူးဆောင်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဟောက်ဝန်က သူဒီဇိုင်းဆွဲထားတဲ့တံတားကြီး ပြိုကျပျက်ဆီးသွားလို့ ရှိသမျှအပြစ်တွေအကုန်လက်ခံလိုက်ပြီး ထောင်ကျခဲ့ပါတယ်။ သူအရမ်းချစ်တဲ့သားလေး မာဖေးကတော့ ဉာဏ်မမှီတဲ့သူဆိုပြီး လူတွေအားလုံးက လက်ညှိုးထိုးနေကြတဲ့ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ခုနစ်နှစ်ကြာပြီး မာဖေးကျောင်းထုတ်ခံရတဲ့အချိန်ကျမှ သားအဖနှစ်ယောက်ပြန်တွေ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖခင်တစ်ယောက်က ကလေးတစ်ယောက်ကို စိတ်ဓါတ်သန်မာလာအောင်၊ ပြဿနာနဲ့ကြုံတွေ့ရင် ဖြေရှင်းတတ်အောင်၊ စဉ်းစားတတ်အောင် ဘယ်လိုမျိုးလေ့ကျင့်ပေးလဲဆိုတာကို ဒီကားလေးကြည့်ပြီး အတူတူလေ့လာလိုက်ကြရအောင်နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | ...
movie

Looking Up (2019)

2019
Saving General Yang (2013) 6.4
Saving General Yang (2013) IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှု‌တွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇‌ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie

Saving General Yang (2013)

Let the Bullets Fly (2010) 7.3
Let the Bullets Fly (2010) Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့  Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Kuran ပါ)File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
movie


2010