Channel Myanmar

Shao Shengjie

Dust To Dust ( 2023 ) 6.1
Dust To Dust ( 2023 ) တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Dust To Dust ( 2023 )

Wild Grass 2020 4.9
Wild Grass 2020 Wild grass 2020 =====================   Drama & romance အမျိုးအစားဇာတ်ကားတခုကိုတင်ဆက်ပေးချင်ပါတယ် ကောင်မလေးနှစ်ယောက်နဲ့ကောင်   လေးတယောက် စုစုပေါင်းသုံးယောက်ရဲ့ဘဝသုံးခုကို ဇာတ်လမ်းထဲမှာတမျိုးစီကနေပေါင်းသွားတဲ့ပုံစံကို1990ခုနှစ်   နောက်ခံနဲ့ရိုက်ပြထားပါတယ် (အဆုံးသတ်မှာမင်းသားမင်းသမီးညားတာလိုချင်တဲ့သူတွေအတွက်ကတော့   ဒါဟာဘဝအကြောင်းကိုရိုက်ပြထားတာလို့ပြောပါရစေ)   - ယွင်ချောင်ဟာ အမေနဲ့အမဆီကနေမြို့ကြီးကိုသွားပြီးရုပ်ရှင်တွေထဲကလိုဘဝကိုဖြတ်သန်းချင်သူ   - လီမိုင်ကတော့ အကကိုဘဝထက်ရူးသွပ်ပြီး ဂျပန်ထိတောင်သွားရောက်ကပြချင်သူ   - ဖုန်း ဆိုတဲ့ကောင်လေးကတော့ အကိုကိုအရမ်းချစ်ပြီး ဘေးအိမ်က အကကျင့်နေတဲ့   ကောင်မလေးကိုခိုးခိုးကြည့်ကာချစ်နေရသူ သူတို့ရဲ့အိပ်မက်ကိုယ်စီဟာ   သူတို့မျှော်လင့်သလိုလက်တွေ့ဖြစ်လာခဲ့မလားသိချင်ရင်တော့ဆက်လက်ကြည့်ရှုပေးကြပါဦ:    Translated by : Nay Chii Encoded by : YK
movie

Wild Grass 2020