Channel Myanmar

Sharon Small

About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
Dear Frankie(2004) 7.7
Dear Frankie(2004) Dear Frankie(2004)******************IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကိုသားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာ‌တွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae
movie

Dear Frankie(2004)