Channel Myanmar

Sheenly Gener

GomBurZa (2023) 7.9
GomBurZa (2023)  GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်ကသမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movieတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက်ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင်ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွားစပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြားဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာအရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာငြင်းစရာမရှိပါဘူး..... File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

GomBurZa (2023)

Bakit Di Mo Sabihin(2023) 6.7
Bakit Di Mo Sabihin(2023) Bakit Di Mo Sabihin(2023)************************မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာစကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့်တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle ...
movie

Bakit Di Mo Sabihin(2023)

An Inconvenient Love(2022) 8.0

An Inconvenient Love(2022)