Channel Myanmar

Sheila Ball

Blood Harvest (2023)
Blood Harvest (2023)  အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ...။ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ...။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Blood Harvest (2023)

A Prince and Pauper Christmas (2022) 5.5
A Prince and Pauper Christmas (2022) A Prince and Pauper Christmas (2022) ===========================ဒီဇာတ်ကားလေးကတော့ အလုပ်အရမ်းကြိုးစားတဲ့အေးဂျင့် မက်ဝေါလ်နဲ့ ဂျာကိုးဗီးယားနိုင်ငံကမင်းသားတို့ရဲ့ အချစ်ဇာတ် လမ်းလေးပါ။ အေးဂျင့်မက်ဝေါလ်နဲ့အမှုလိုက်နေတဲ့ သူလျှိုပက် ထရစ်ဟာထွက်ပြေးသွားပြီး ကယ်လီဖိုးနီးယားကိုတာဝန်နဲ့လာတဲ့ မင်းသားလေးနဲ့တွေ့ခဲ့တာပါ။ မင်းသားလေးဟာ ပက်ထရစ်နဲ့ရုပ် ချင်းဆင်ပြီး သူမရဲ့သူလျှိုအနေနဲ့ဟန်ဆောင်ပေးကာ အမှုကိုဘယ် လိုဖော်ထုတ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်လို့ရနိုင်မယ့် ခရစ္စမတ် ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.6 GB) / (620 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Mystery Translator.......Nang Aye Myat Phoo Encoder..........SWM
movie

A Prince and Pauper Christmas (2022)

2022
Night of the Missing (2023)
Night of the Missing (2023)  Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကိုအပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီးတိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာတစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့်သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့်စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကသူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာသဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကိုသည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား..သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား..ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား..တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ..နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ..စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့တိုတိုတုတ်တုတ်နဲ့ ...
movie

Night of the Missing (2023)