Channel Myanmar

Shen Taoran

Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )

Civet Cat for Crown Prince ( 2022 ) 6.2
Civet Cat for Crown Prince ( 2022 ) ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲ နေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။ အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊ အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်း သူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီး တကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါ ကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်း ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့ နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့ လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Civet Cat for Crown Prince ( 2022 )