Channel Myanmar

Sherrie Wills

The Exorcist III (1990) 6.5
The Exorcist III (1990) The Exorcist III (1990)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့… ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်း ဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင် ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။ လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ အဓိကရန်သူ ဘယ်သူလဲဆိုတာ သိချင်စိတ်လေးတွေဖြစ်နေပြီမလား။ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ခြောက်ခြားစရာ horror ဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ horror မှာ နာမည်တစ်လုံးနဲ့ ...
movie

The Exorcist III (1990)

1990
Heathers (1988) 7.2
Heathers (1988) Heathers (1988)Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ..... လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ...
movie

Heathers (1988)

1988