Channel Myanmar

Shezai Fejzo

Night Explorers: The Asylum (2023)
Night Explorers: The Asylum (2023) ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ဇာတ်လမ်းအကြောင်းကတော့...မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(535 Mb) Quality….Webrip 720p Format…mp4 Duration….01:36:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Night Explorers: The Asylum (2023)

Original Gangster (2020) 5.5
Original Gangster (2020)  ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကိုမြင်တွေ့ရမယ့် crime movieလေးပါ...။မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်...။သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီးသူ့အသက်ကိုကယ်ခဲ့လို့ပါ...၊မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်းမကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်...။ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ်ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်...ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာတစ်ယောက်ဘယ်လိုရှင်သန်မလဲ...ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာမြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ...။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Original Gangster (2020)