Channel Myanmar

Shi Li Jie

Shanghai Knight (2022) 7.8
Shanghai Knight (2022) စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ...
movie

Shanghai Knight (2022)