Channel Myanmar

Shi Yang

Last Night of Amore (2023)
Last Night of Amore (2023) ရဲအရာရှိ ဖရန်ကို အမိုရီ တစ်ယောက် သူ့ရဲ့ အငြိမ်းစားယူမိန့်ခွန်းကို အသေအချာပြင်ဆင်နေခဲ့ပါတယ်။ ဒီနေ့ညမှာ သူရဲအရာရှိတာဝန်ထမ်းဆောင်တာ ၃၅ နှစ်ပြည့်ပြီဖြစ်တဲ့အပြင် သူ့ရဲ့ရဲအရာရှိဘဝရဲ့နောက်ဆုံးညပါ။ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၅ နှစ်လုံး လူတစ်ယောက်ကိုမှ သေနတ်နဲ့ မပ(စ်) ခဲ့ဖူးသလို အရိုးသားဆုံးနေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ သူမသိခဲ့တာကတော့ အဲဒီနေ့ညဟာ သူ့ရဲ့ဘဝခံယူချက်‌တွေ၊ သူချစ်ရတဲ့ ဇနီးချော ဗီဗီယန်နာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုတို့ရဲ့ဘဝကို ပြောင်းလဲပေးသွားမဲ့ ညတာအရှည်ကြီးတစ်ညဖြစ်‌နေမယ်ဆိုတာပါပဲ။2023 ထွက် အီတလီစကားပြော အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မီလန်မြို့ရဲ့ အလှအပတွေကိုကြည့်ရှုပြီး မြေအောက်ရာဇဝတ်ဂိုဏ်း တွေရဲ့ အရှုပ်အထွေးတွေကို အရာရှိ ဖရန်ကိုနဲ့အတူဖြေရှင်းရင်း လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.7 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Thriler, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Last Night of Amore (2023)

The Tiger’s Nest (2022) 5.7
The Tiger’s Nest (2022) The Tiger's Nest (2022)ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

The Tiger’s Nest (2022)

2022