Channel Myanmar

Shigeru Izumiya

Pom Poko (1994) 7.3
Pom Poko (1994) Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်​သေးဘူးဆိုတော့လည်းနည်းနည်း​လောက်တော့ပြောပြလိုက်ပါဦးမယ်။ဇာတ်လမ်းလေးကဒီလိုစပါတယ်....... ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာတာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ .... ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေကမြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီးမြို့သစ်တစ်ခုတည်ဆောက်​ဖို့ကြိုးစားကြပါတော့တယ် ...... အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုအသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ....... ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာအခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေမျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေကဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့်အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size…  2.10 GB /  972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre .....  Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Pom Poko (1994)

1994
A Morning of Farewell (2021) 5.6
A Morning of Farewell (2021) A Morning of Farewell 2021တက္ကသိုလ်ဆေးရုံတစ်ခုမှာ အရေးပေါ်ကုသဆရာဝန်အနေနဲ့ အလုပ်လုပ်နေတဲ့ ဆာဝါကိုဟာ Caseတစ်ခု​ကြောင့် သူမရဲ့ မွေးရပ်မြေကို ပြန်သွားပြီး အဖေနဲ့အတူ ပြန်နေခဲ့ရင်းမွေးရပ်မြို့လေးက လူတိုင်းအားထားရတဲ့ မာဟိုရိုဘာဆေးခန်းမှာ အိမ်အရောက် လိုက်ကုသပေးတဲ့ ဝန်ဆောင်မှုနဲ့ ဆရာဝန်အလုပ်ကို ဆက်လုပ်တဲ့အခါ...ဆေးခန်းက လူတွေနဲ့မိသားစုဝင်တွေလို ဖြစ်လာပြီး အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေတဲ့ လူနာတွေကို သွားကုသပေးရသလို လူနာမိသားစုအရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်းလူနာရဲ့​နောက်ဆုံးခရီးကိုပါ အကောင်းဆုံးအနေနဲ့ ပို့ဆောင်ဖြည့်ဆည်းပေးတဲ့အထိ လူနာနဲ့ ဆရာဝန်ကြား သံယောဇဥ်ကို သိမြင်ခံစားနိုင်မယ့် ဘဝစခန်းတခုကို ပုံဖော်ထားတဲ့ ဂျပန်ဒရမ်မာကားလေးကို ကြည့်ရှုလိုက်ကြရအောင်ပါ File Size__(1.6GB) / (750MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:30:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

A Morning of Farewell (2021)

Fukushima 50 (2020) 7.0
Fukushima 50 (2020) Fukushima 50 (2020)အညွှန်း*************************ဂျပန်​နိုင်​ငံတစ်​နိုင်​ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်​ကို ထုတ်​လုပ်​​ပေး​နေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်​အားကြီးတဲ့ ငလျင်​ဒဏ်​နဲ့ ဆူနာမီလှိုင်းဒဏ်​​တွေ​ကြောင့်စက်​ရုံတစ်​ခုလုံး လျှပ်​စစ်​ဓာတ်​အားပြတ်​​တောက်​ကာ ဓာတ်​​ပေါင်းဖို​တွေ အပူလွန်​ကဲပြီး ​ပေါက်​ကွဲ​တော့မယ့် အ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ဒီအ​ခြေအ​နေကို ​ရှေ့တန်းက ရင်​ဆ်ို​င်​​ဖြေရှင်းရသူ​တွေက​တော့ဒိုင်​အီချိ စက်​ရုံက အလုပ်​သမား​ ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl  ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

Fukushima 50 (2020)

GARO: Fang of God (2018) 6.3
GARO: Fang of God (2018) GARO: Fang of God (2018) ဆိုတဲ့ ဇာတ်ကားလေးကတော့ ဂျပန် actionဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ fanတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကမာ႓ပေါ်မှာမိစ္ဆာတွေက လူတွေနဲ့ရောနှောနေထိုင်ပြီးလူတွေကို သတ်ဖြတ်စားသောက်နေကြတယ်။မိစ္ဆာတွေရန်ကနေပြီးလူတွေကိုကာကွယ်ပေးနေတာကတော့ မီကာအိ သူရဲကောင်းတွေပဲဖြစ်ပါတယ်။မီကာအိ သူရဲကောင်းတွေထဲမှာဂါဘိုမျိုးဆက်ဖြစ်တဲ့ စုဂါရီဟာ နာမည်ကျော်ကြားတဲ့သူရဲကောင်းတစ်ယောက်ပေါ့။အဲဒီလိုနဲ့ မကာအိအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နန်ဘီဟာ သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ ဂျူဒိုကိုအသက်ပြန်သွင်းဖို့အတွက်မိစ္ဆာတွေနဲ့ပူးပေါင်းပြီး အဖွဲ့ကိုသစ္စာဖောက်တဲ့လုပ်ရပ်တွေလုပ်နေခဲ့တယါ။ဂျူဒိုကရော တစ်ကယ်ပဲပြန်ရှင်လာမှာလားမိစ္ဆာတွေကရော နန်ဘီနဲ့ ဘာအတွက်ကြောင့်ပူးပေါင်းတာလဲစုဂါရီ တာကဲ အူဂါရီ နဲ့ရိုင်ရယ်တို့ သူရဲကောင်း လေးယောက်ကရောသူတို့ကို တားဆီးနှိမ်နင်းမှာလဲ ဆိုတာကိုကြည့်ရှုရမဲ့ action ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။IMDB rating လည်းမဆိုး လှတဲ့ ရရှိထားတဲ့မှော်ဆန်ဆန် action ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုမျိုးခန့် ပါ)File Size : (750 MB) and (380 MB)Quality : Blu-Ray 720p Running Time : 1hr 38min Format : ...
movie

GARO: Fang of God (2018)

2017