Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shikha Talsania
7.0
Satyaprem Ki Katha (2023)
Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie
Satyaprem Ki Katha (2023)
2023
4K HEVC
Veere Di Wedding (2018)
Veere Di Wedding (2018) --------------------------------- မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်.... တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်...တစ်ချို့ကျ ချမ်းသာတဲ့သူ...တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့ပေါ့၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို... ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ...ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်...ရုပ်ရှင်ထဲမှာ သူငယ်ချင်းတွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ...
movie
Veere Di Wedding (2018)
Coolie No. 1(2020)
Coolie No. 1 (2020)အညွှန်း *************************ရာဂျုးကူလီက ငယ်ငယ်တုန်းက မမျှော်လင့်ပဲ သူ့အမေနဲ့ ရထားဘူတာတစ်ခုမှာ ရှင်ကွဲကွဲသွားခဲ့ပါတယ်။ဘူတာက လူတစ်ယောက်က သူ့ကို ကူလီထမ်းပြီး ဘဝကို ပျော်ပျှော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ဖို့ သင်ကြားပေးခဲ့သတဲ့။ဒီလိုနဲ့ သူကြီးလာတော့ ဘူတာမှာ လူတကာရဲ့ အထုပ်တွေကိုသယ်ရင်း အလုပ်လည်းကြိုးစားသလို ဉီးဆောင်နိုင်စွမ်းလည်းရှိလေတော့ရာဂျုးကူလီ နံပါတ် ၁ ဆိုပြီး နာမည်ကြီးနေပါတော့တယ်။ မစ္စတာရိုဇာရီယိုဆိုတဲ့ လောဘကြီးသူဋ္ဌေးရဲ့ အိမ်ကိုလည်း ပုဏ္ဏားတစ်ယောက်ကမင်္ဂလာကိစ္စကမ်းလှမ်းဖို့ သားရှင်မိသားစုနဲ့အတူ ရောက်လာတယ်။ ရိုဇာရီယိုက "အစားအသောက်ပစ္စည်းဝယ်ရင်တောင် လေယာဉ်နဲ့ထွက်ဝယ်တဲ့သူမျိုး၊နိုင်ငံတစ်နိုင်ငံက ပိုက်ဆံလိုရင်တောင် သူ့အရှေ့လက်လာဖြန့်ရမယ့်သူမျိုးကိုပဲ သားမက်တော်နိုင်မယ်"လို့လေလုံးထွားလိုက်ပါတယ်။ပုဏ္ဏားကြီးဟာ သူ့သက်တမ်းတစ်လျှောက် ဒီလိုမျိုးမကြုံဘူးတော့အရမ်းရှက်သွားတယ်...ဒါ့ကြောင့် ဘဝင်လေဟပ်နေတဲ့မိသားစုကို လက်စားချေဖို့ လွန်စွာမှာ နိမ့်ကျတယ်လို့ယူဆတဲ့ ရာဂျူးကူလီနံပါတ် ၁ ကို အကူအညီတောင်းပြီး ရွှေဇွန်းကိုက်တဲ့သမီးတော်ကို ရဖို့ကြိုးစားပါတော့တယ်...ကူလီသမားကို သူဌေးကြီးပုံစံဖြစ်အောင် ပုဏ္ဏားကြီးဘယ်လိုကြိုးစားမလဲ...သူတို့ဘယ်လိုအကွက်ချကြမလဲ..အောင်မြင်နိုင်ပါ့မလား....ဆိုတာကိုတော့... တော်တော်လေး ရယ်ရတဲ့ ဇာတ်ကားဖြစ်လို့ Comedyကားကြိုက်သူများ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်....File Size ...
movie
Coolie No. 1(2020)
HEVC 1080p 5.1
7.6
Wake Up Sid(2009)
Wake Up Sid(2009). IMDb...7.6 သူနာမည်က ဆစ်ဒ်...ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ...လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား.....ရနံတွေ လွမ်းခြုံချင်သလား...ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်...သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘ၀ရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ...ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့... အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ...ဘ၀ရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်.. သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ.. .ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်...ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် ...သိတယ်မဟုတ်လား ပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ....ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : (1000 MB) and (422 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Wake Up Sid(2009)
2009