Channel Myanmar

Shin Sung-rok

Finding Mr. Destiny (2010) 6.5
Finding Mr. Destiny (2010) [Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie

Finding Mr. Destiny (2010)

The Prison (2017) 6.6
The Prison (2017)  2017 ခုနှစ်ထွက် IMDb 6.5 ရထားတဲ့ ကိုရီးယား အက်ရှင် သဲထိပ်ရင်ဖို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက တော့ ထောင်ထဲမှာ တွေ့ကြုံရတဲ့ မသမာမူတွေ ငွေအင်အားနဲ့ အနိုင်ယူမူတွေ အာဏာနဲ့ ရက်စက်မူတွေကြောင်း ထောင်ထဲမှာ အစောင့်တွေရဲ့ မျက်နှာ လိုက်မူတွေ ကို အသားပေးရိုက်ကူး ပြထားပြီး အကျဉ်းသားတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံ အခက်အခဲ နဲ့ ထောင်ထဲမှာအသက်ရှင်ဖို့ ရုန်းကန် ရပုံတွေကိုကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိဟောင်း တစ်ယောက်ဟာထောင်ထဲက ရာဇ၀တ်မူတွေကိုဖ်ေထုတ်ဖို့အတွက် အကျဉ်းထောင်ထဲ သို့ဝင်လာခဲ့ပြီး သူကိုယ်တိုင် ည အချိန်မှာ အကျဉ်းသားတွေရဲ့ ရာဇ၀တ်မူတစ်ခုကိုကြုံတွေ့ရပြီး သက်သေတွေဖျောက်ဖျက်ခံ လိုက်ရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာဘာသာပြန်ကတော့ Saw Wanna ဖြစ်ပါတယ်ဗျ  :)
movie

The Prison (2017)

2017
The Age of Shadows (2016) 7.1
The Age of Shadows (2016) The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100%  Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie

The Age of Shadows (2016)

2016