Channel Myanmar

Shinichi Tsutsumi

Always – Sunset on Third Street (2005) 7.7
Always – Sunset on Third Street (2005) Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie

Always – Sunset on Third Street (2005)

2005
My Blood and Bones in a Flowing Galaxy (2020) 6.7
My Blood and Bones in a Flowing Galaxy (2020) My Blood & Bones in a Flowing Galaxy (2020)~ IMDb – 6.7/10, MyDramaList – 7.9/10 ~ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ...
movie

My Blood and Bones in a Flowing Galaxy (2020)

2020
Suspect X (2008) 7.4
Suspect X (2008) Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie

Suspect X (2008)

2008
The Fable: The Killer Who Doesn’t Kill (2021) 6.9
The Fable: The Killer Who Doesn’t Kill (2021) The Fable : The Killer Who Doesn't KillIMDb - 6.9/10ဇာတ်လမ်းအညွှန်းလေးကတော့....ဘယ်လိုရန်သူမျိုးကိုမဆို ၆ စက္ကန့်နဲ့သတ်နိုင်တယ်လို့ နာမည်ကြီးတဲ့ ဒဏ္ဍာရီလာလူသတ်သမား Fable ဟာ အထက်ကအမိန့်အရ သူ့ဘဝကိုသာမန်လူတစ်ယောက်လိုဖြတ်သန်းပြီး လူမသတ်တော့ဘဲ အနားယူနေတဲ့အချိန်မှာတစ်ချိန်က သူ့မစ်ရှင်တစ်ခု​ကြောင့် ကြားညပ်ကံဆိုးသွားပြီး အောက်ပိုင်းသေသွားတဲ့ Masaki ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး လမ်းပြန်လျှောက်နိုင်အောင် ကူညီပေးဖို့ကြိုးစားပါတော့တယ်။အဲ့အချိန်မှာ သူနဲ့ရန်ကြွေးရှိခဲ့ဖူးတဲ့ ပိုက်ဆံရရင်အကုန်လုပ်တဲ့ ဒုစရိုက်သမားက တစ်ဖက်မှာတော့ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုကို ဦးစီးပြီးသူတော်ကောင်းယောင်ဆောင်ရင်းတစ်ဖက်မှာတော့ လူပြန်ပေးဆွဲပြီးငွေညှစ်နေတဲ့ မျက်နှာနှစ်ခုနဲ့လူ Utsubo ရဲ့လက်ထဲကနေ ဒုက္ခတိဖြစ်နေတဲ့ကောင်မလေးကို ဘယ်လိုကယ်တင်မလဲ၊ သူ့ကိုလက်စားချေဖို့လုပ်နေတဲ့ Utsubo တို့အဖွဲ့ကိုရော လူမသတ်ဘဲနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။Review and Franslated by : Moe Pwint PhyuGenre.....Action, Comedy, Mystery Quality….WEB-DL 1080p and 720p and 360p File size…1.8GB and 1GB and 356MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint ...
movie

The Fable: The Killer Who Doesn’t Kill (2021)

2021
Lorelei: The Witch of the Pacific Ocean (2005) 5.3
Lorelei: The Witch of the Pacific Ocean (2005) Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie

Lorelei: The Witch of the Pacific Ocean (2005)

2005
Destiny: The Tale of Kamakura (2017) 7.2
Destiny: The Tale of Kamakura (2017) ဒီဇာတ်​ကား​လေးက​တော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်​ကား​လေးဖြစ်​ပြီး Crime, dramaကားအမျိုးအစား​လေး ဖြစ်​ပါတယ်​ဒီကား​လေးမှာဆိုရင်​​တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ်ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ်သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ်တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ်ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ်ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲအီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ်တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရောအဲ့တော့ သေမင်းကလာခေါ်ရောအီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလားမတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲဘာ​တွေ​ရောဆက်​ဖြစ်​ကြဦးမှာလဲဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်​းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်​ကား​လေးမှာ ​​စောင်​့ကြည်​့လိုက်​ကြပါဦးရှင်​(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ)File Size : (0.99 GB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source :  720p BluRay x264 DTS-WiKi Translated by May Nandar Kyaw Encoded by Thanhtike ...
movie

Destiny: The Tale of Kamakura (2017)

2017