Channel Myanmar

Shioli Kutsuna

Deadpool & Wolverine (2024)
Deadpool & Wolverine (2024)  မာဗယ်ရုပ်ရှင်တွေထဲမှာ ထုတ်တိုင်းပေါက်တဲ့ ဒက်ပူးရုပ်ရှင်တွဲတွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်မှာတော့ ဓာတ်ပူး နဲ့အတူ ဝူဗရင်းဇာတ်ကောင်ကိုလည်း မူရင်းမင်းသားကြီး Hugh Jackman ပဲ သရုပ်ဆောင်ပြီး ပါဝင်ထားပါတယ်။ ဇာတ်လမ်းရော အက်ရှင်ရော ဟာသရော ရိုက်ချက်တွေရော ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ဇာတ်လမ်းအကျဉ်းဓာတ်ပူးဟာ သူ့ချစ်သူ ဗန်နက်ဆာနဲ့ လမ်းခွဲပြီး ဓာတ်ပူးဘဝကနေလည်း အနားယူနေပါပြီ။ ဒါပေမဲ့ TVA အဖွဲ့က သူ့ဆီရောက်လာပြီး ဓာတ်ပူးနဲ့ အခြားသူတွေ အချိန်ခရီးသွားထားတာတွေကြောင့်ဖြစ်လာတဲ့ အချိန်စီးကြောင်းပြဿနာတွေကို ပြန်လိုက်ရှင်းဖို့ တာဝန်ပေးလာပါတယ်။ ဓာတ်ပူးနဲ့အတူ ဒီကိစ္စတွေကိုရှင်းရမဲ့သူက ဝူးဗရင်းဖြစ်နေပြီး သူတို့နှစ်ယောက် အချိန်စီးကြောင်းအစုံမှာ အခြား ဓာတ်ပူးနဲ့ဝူးဗရင်း ကိုယ်ခွဲတွေ၊ အခြား X-men တွေနဲ့ ...
movie

Deadpool & Wolverine (2024)

Deadpool 2 (2018) Super Duper Cut 7.7
Deadpool 2 (2018) Super Duper Cut Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ်အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ---------------Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ...
movie

Deadpool 2 (2018) Super Duper Cut

2018
4K HEVC
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017