Channel Myanmar

Shirin Guha

Lootera (2013) 7.4
Lootera (2013) IMDb Rating(7.4)မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ...
movie

Lootera (2013)

1080p HEVC