Channel Myanmar

Sho Kiyohara

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)