Channel Myanmar

Shravan Amin

Walden (2023) 5.7
Walden (2023)  ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကိုလက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့...။ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ...။တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလိုရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်းမြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်...။ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာသိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်...။အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင်တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ...။သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာတရားခွင်ကလွတ်သွားတဲ့ရာဇဝတ်သားတွေကို ဘယ်လိုပြစ်ဒဏ်တွေလိုက်ပေးမလဲဆိုတာကိုမြင်တွေ့ရမယ့် Thrillerကားလေးတစ်ကားဖြစ်ပါတယ် File size…1.31 GB / 613 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Walden (2023)