Channel Myanmar

Shreedhar Dubey

All India Rank (2023) 6.6
All India Rank (2023) All India rankIMDb 7.2/10 Rotten Tomatoes 67%မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size…1.8GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar ...
movie

All India Rank (2023)

2024
OMG 2 (2023) 8.0
OMG 2 (2023) OMG 2 (Oh MyGod)အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါအဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ...
movie

OMG 2 (2023)

2023
Haddi (2023) 8.5
Haddi (2023) Haddi (2023) IMDb - 8.5/10ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။ အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေ အနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်း ဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့ အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာ ဘာကြောင့်များလဲ...ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ....။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်) File size…4.8GB / 2.39GB / 1.2GB Quality…4k HEVC ZEE5 WEB DL / ...
movie

Haddi (2023)

2023
4K HEVC
Bholaa(2023) 7.7
Bholaa(2023) Bholaa (2023) IMDb 7.7Drishyam ထဲမှာ အပြိုင်ကြဲခဲ့တဲ့ အဂျေးနဲ့ ရဲမေတာဘူး တို့က ဒီကားထဲမှာ အတိုင်အဖောက်ညီညီ ရှယ်ကြမ်းကြဦးမဲ့ ရုံတင်ကားပဲဖြစ်ပါတယ် Box Office အနေနဲ့လည်း 111 ကုဋေကျော်အထိ ပြန်ရှာနိုင်ခဲ့ပါတယ် မင်းသားမင်းသမီးတင် နာမည်ကြီးရုံမက ဇာတ်လမ်းကလည်း ပြီးမှန်းမသိဆွဲဆောင်သွားနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါပဲဇာတ်လမ်းအညွှန်း... ရန်သူတွေက စုန်းမလို့ခေါ်ရ‌လောက်တဲ့အထိ တစ်ခါအာရုံကျပြီးရင် လက်မလွှတ်တတ်တဲ့ ရဲမေဒိုင်ယာနာ (တာဘူး)... သန်းတစ်ထောင်တန်ကြေးရှိတဲ့ ကိုကင်းတွေဖမ်းမိတော့ ပိုင်ရှင်က ကြားဖူးသမျှထဲမှာ အကြီးဆုံးဂိုဏ်းဖြစ်နေခဲ့တယ် အလုပ်လုပ်သမျှ ပိရိလွန်းတာကြောင့် တစ်ခါမှကို ဖမ်းဆီးခြင်းမခံခဲ့ရတဲ့ဂိုဏ်း ဒီဂိုဏ်းက သန်းတစ်ထောင်ကျော် အထိနာသွားတော့ ဒိုင်ယာနာ့ကို ကမ္ဘာမြေအဆုံးထိ လိုက်ရှာပါတော့တယ်ဘိုလာ(အဂျေး)က အမှုတစ်ခုကြောင့် ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်သားအချင်းချင်းတောင် ဘိုလာက ဘယ်သူလဲ ဘယ်ကလာလဲ မသိကြဘူး သိတဲ့လူကလည်း အသက်ရှင်ဖို့လမ်းမရှိတာကိုး ဘိုလာ့ကို သမုဒ္ဒရာနဲ့တင်စားကြတယ် အပြင်ဘက်မှာ ငြိမ်သက်ပြီး အတွင်းမှာတော့ မုန်တိုင်းထန်တဲ့လူတဲ့ ဒီလိုနဲ့သူထောင်ကထွက်တော့ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ဒိုင်ယာနာ့နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် ဂိုဏ်းဘက်ကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရဖြစ်နေတော့ သူတို့၂ယောက်ပေါင်းပြီး ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ Plot Twist ပေါင်းများစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ ...
movie

Bholaa(2023)

2023
4K HEVC
Raat Akeli Hai(2020) 7.7
Raat Akeli Hai(2020) Raat Akeli Hai(2020)အညွှန်း***************************** IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မစ္စတာဂျီတေးလ်ယာဒဗ်ဟာလူသတ်မှုတစ်ခုကိုစုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ သေဆုံးသူကအဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒုတိယမြောက်လက်ထပ်ပွဲအပြီး ည၁၀ နာရီ နဲ့ ၁၂နာရီကြားမှာအသတ်ခံရတာဖြစ်ပါတယ်။ သေဆုံးသူရဂူဘီးရ်ဆင်းဆီမှာသေနတ်တစ်လက်ရှိပြီးသူပိုင်တဲ့သေနတ်နဲ့ပဲအသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ညလူခြေတိတ်ချိန်မှာအသတ်ခံရတာဖြစ်ပေမယ့် သေနတ်ပစ်သံကိုဘယ်သူမှမကြားကြပါဘူး။ ဘယ်သူက ဘယ်အချိန်ဘယ်လိုသတ်လိုက်တာလဲ...ဘာကြောင့်သတ်လိုက်တာလဲ.... စုံစမ်းစစ်ဆေးရေးအရာရှိ ဂျီတေးလ်ယာဒဗ်ကဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ... .. ဒီအမှုမှာလူဘယ်နှဦးပါဝင်ပတ်သက်နေကြတာလဲ.. ... Cirme Drama ကားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း.... . ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်... File Size : (980 MB) and (380 MB)Quality : WEB-DL 720pFormat…mp4Duration…02:29:00Genre : Crime , Drama, MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Thaik SanEncoded by Phyo Pyae
movie

Raat Akeli Hai(2020)

Mukkabaaz (2017) 8.2
Mukkabaaz (2017) IMDB - 8.2ကဲ အိန္ဒိယရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက်အိန္ဒိယ လက်ဝှေ့ကားကောင်းကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျာ။လက်ဝှေ့တင်မဟုတ်ဘူးနော် အက်ရှင်၊ ရိုမန့်၊ ဒရမ်မာ မျိုးစုံကိုပေးစွမ်းနိုင်တဲ့ကားကောင်းလေးတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ငယ်ငယ်ကတည်းက လက်ဝှေ့ပညာပေါ် အရူးအမူးစွဲလန်းပြီးမိုက်တိုင်ဆန်ကို အားကျခဲ့မိတဲ့ လက်ဝှေ့သမားလေးတစ်ယောက်ဟာမာဖီးယားဆန်တဲ့ နည်းပြရဲ့ဖိနှိပ်မှုတွေကြောင့် တိုက်ခိုက်ထွက်ပြေးလာပြီးအာဏာရှင်နည်းပြရဲ့ နောက်ယှက်မှုတွေကြားထဲက ချန်ပီယံဖြစ်အောင်ကြိုးစားထားတဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသွားမလားဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် အဆုံးသတ်သွားမလားဆိုတာတော့ဇာတ်လမ်းကြိုမပြောတော့ဘူးနော်။ဇာတ်ကားကောင်းမို့ အမြန်သာဒေါင်းကြည့်လိုက်ကြပါဦးနော်  File Size : (1 GB) & (228 MB)Quality :Web DL 720pRunning Time :2hr 05 minFormat : Mp4Genre :Action , Drama ...
movie

Mukkabaaz (2017)

2017