Channel Myanmar
Shriya Pilgaonkar
Dry Day (2023) 8.3
Dry Day (2023) Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့..." Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Dry Day (2023)
2023
Ishq-e-Nadaan (2023) 7.4
Ishq-e-Nadaan (2023) Ishq-e-Nadaan 2023ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်...ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH
movie
Ishq-e-Nadaan (2023)
2023
Kaadan(2021) 8.9
Kaadan(2021)  Kaadan 2021ရုံတင်ပြီး Digital Releasesနဲ့ထွက်ဖို့ကြန့်ကြာနေခဲ့တဲ့ တမီးလ်ကား ရပါပြီခင်ဗျာ။ပရိသတ်ရင်းနှီးပြီးသား မင်းသားတွေမို့လည်းတော်တော် တောင်းဆိုကြတာထင်ပါရဲ့။Baahubali ထဲက ဗီလိန်ကြီး Rana၊Raatchasan ထဲက မင်းသား Vishnu Vishalတို့အပြင်ဟာသကားတွေထဲ မြင်ဖူးနေကျ Pulkit Samratနဲ့မင်းသမီးချော Shriya Pilgaonkarတို့ပါပဲ။ဒီကားထဲမှာ ဥယျာဉ်မှူးကြီး ဘန်ဒေ့ဖ်က အဓိကပေါ့။သူဟာ တောထဲမှာ တိရစ္ဆာန်တွေနဲ့အတူနေထိုင်တယ်။တောထဲက ဆင်တွေကျားတွေကအစ သူ့စကနားထောင်ကြတယ်။သူကလည်း တိရစ္ဆာန်တွေကအစသစ်ပင်ကနေ မြေကြီးအထိ ချစ်တတ်တယ်။ဒီလို တောကိုချစ်တဲ့ သူရဲ့ မြေပိုင်နက်ထဲတနေ့မှာတော့ မြို့သစ်စီမံကိန်းဆိုပြီးအဖွဲ့အစည်းတစ်ခု ရောက်လာခဲ့ပါတယ်။သူအနေနဲ့ ဘယ်လို ရင်ဆိုင်ပြီးသူ့အတွက် ပြိုင်ဘက်တွေကဘယ်လောက်ထိ ယုတ်မာကောက်ကျစ်မလဲ၊သူနဲ့အတူ ဒီမြေမှာ တခြား ဘယ်သူတွေကမုဆိုးတွေ ဖြစ်နေမလဲဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ဒီဇာတ်ကားဟာ ဒီနေ့မှာတော့ တရားဝင်ထုတ်လွှင့်ရာကနေထွက်လာတာမျိုးမဟုတ်ဘဲLeakလာတဲ့အနေအထားမို့ HINDIဗားရှင်းပဲ ရှိပါသေးတယ်။Hindi အသံထွက်နဲ့ ပါးစပ်လွဲနေတာ မဟုတ်ပါဘူး။ဟင်ဒီသရုပ်ဆောင်တွေ ဖြစ်ကုန်တာပါ။တမီးလ်မူရင်းမှာတော့ တမီးလ်မင်းသားမြင်ရမှာပါ။သရုပ်ဆောင်တွေ ကွဲနေပါတယ်။Tamilအသံနဲ့ ကြည့်ချင်ရင်တော့ စောင့်ရဦးမယ်ခင်ဗျာ။  File size…2.73GB / 1.4GB / ...
movie
Kaadan(2021)
2021
Fan (2016) 7.0
Fan (2016) မင်းသားကြီး ရှရွတ်ခန်း နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action, Drama, Thriller ဇာတ်ကားလေးပါ။နာမည်ကျော်မင်းသားကြီးတစ်ယောက် နဲ့ အဲဒီမင်းသားကို အသည်းအသန်ကြိုက်တဲ့ Hardcore Fan လူငယ်လေးနေရာ နှစ်နေရာကနေ သရုပ်ဆောင်ထားတာပါ။မင်းသားကို ကြိုက်လွန်းလို့ လုံးဝကို ပုံတူကူးပြီး တစ်ထပ်တည်း သရုပ်ဆောင်ပြနိုင်တဲ့အထိကို ရူးသွပ်တာပါ။သရုပ်ဆောင်ပြိုင်ပွဲတစ်ခုမှာ ပထမဆုရခဲ့ပြီး အဲဒီဆုကို သူ့ရဲ့ မင်းသားမွေးနေ့အမီ ပြနိုင်ဖို့ ကြိုးစားပြီး တွေ့ဖြစ်သွားတဲ့အချိန်မှာတော့Idol တွေနဲ့ Fan တွေနဲ့ တွေ့တဲ့ထုံးစံအတိုင်း သူ့ရဲ့စိတ်ကူးထဲက အတိုင်း ဖြစ်မလာဘူးပေါ့။နောက်ထပ် Action တွေ Thriller တွေဆက်ဖြစ်လာတာကို ဇာတ်ကားထဲမှာ ကြည့်ပါတော့။တစ်ယောက်တည်းက လုံးဝ မတူညီတဲ့ ဇာတ်ရုပ်နှစ်ခုကို လုံးဝ သရုပ်ဆောင်နှစ်ယောက် သရုပ်ဆောင်ထားသလို ပီပြင်အောင် သရုပ်ဆောင်ထားတာပါ။အသက်ချင်းထက်ဝက်လောက်ကွာတဲ့ နေရာနှစ်ခုကနေ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်တယ်ဆိုတဲ့ ရှရွတ်ခန်းရဲ့ အရည်အချင်းကတော့ထူးချွန်တယ်ဆိုတာထက် ပိုတော်တယ်လို့ ပြောနိုင်ကောင်းပါရဲ့ဒီဇာတ်ကားရဲ့ IMDb Rating ကတော့ 7/10 ...
movie
Fan (2016)
2016
Bhangra Paa Le (2020) 6.6
Bhangra Paa Le (2020) (Unicode)ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော ...
movie
Bhangra Paa Le (2020)
2020
House Arrest(2019) 6.0
movie
House Arrest(2019)
2019