Channel Myanmar

Shylo Molina

A Really Haunted Loud House (2023) 6.4
A Really Haunted Loud House (2023) A Really Haunted Loud House (2023) ===========================October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ ...
movie

A Really Haunted Loud House (2023)

2023
All Fun and Games (2023)
All Fun and Games (2023)  2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီအရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။​အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့လိုက်သတ်ပါတော့တယ်။ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်းလူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။​ ဒီကားထဲမှာ မားကတ်ဆိုတဲ့အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲကမင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။​သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်... File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

All Fun and Games (2023)