Channel Myanmar

Sid Phoenix

Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Dark Encounter (2019) 4.9
Dark Encounter (2019) 11980ဝန်းကျင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်းက နယ်ဘက်အိမ်လေးတအိမ်။မှန်ဘောင်သွင်းထားတဲ့မိသားစုဓာတ်ပုံလေး တပုံကအောက်ကိုကျပြီး မှန်လေးကကွဲနေတယ်။ပုံထဲမှာ မြင်ရတာကတော့ အဖေအမေရယ် ကောင်လေးတယောက်ကောင်မလေးတယောက် လေးယောက်ရှိတဲ့ မိသားစုလေး။လက်ဆေးကန်မှာလည်း ရေပိုက်ခေါင်း ပိတ်မထားလို့ ရေတွေ ဒလဟောကျနေတယ်။အိမ်တံခါးကလည်း ဟ ဟလေး ပွင့်နေတယ်။ကားတစီးအိမ်ရှေ့ရောက်လာပြီးအဖေနဲ့အမေ နှစ်ယောက်အိမ်ထဲကို စကားပြောရင်း ဝင်လာကြတယ်။အိမ်တံခါးပွင့်နေတော့ သူတို့သမီးဆီလာလည်မယ့်သူ ရှိလို့လားလို့ ထင်လိုက်ကြသေးတယ်။ဒါပေမယ့် ရေပိုက်ခေါင်းကလည်း ပွင့်နေပြီးသူတို့ သမီးကို ခေါ်တော့လည်း ပြန်ထူးသံမကြားခဲ့ရဘူး။အဲလိုနဲ့ပဲ သူတို့ရဲ့သမီးလေးဟာ ပျောက်ဆုံးသွားခဲ့ရတော့တယ်။ တနှစ်ကြာခဲ့ပြီ။ သူတို့သမီးလေးရဲ့ သတင်းအစအနတောင် မရခဲ့ဘူး။တနှစ်တိတိပြည့်တဲ့နေ့မှာပဲ တနှစ်ပြည့် အောက်မေ့ဖွယ်ပွဲလေး ကျင်းပခဲ့ကြတယ်။အဲဒီညမှာပဲ သမီးလေးအဖေက မီးရှူးမီးပန်းတွေဆော့နေတယ်ထင်တဲ့ကောင်လေးတချို့ကို သတိပေးဆုံးမဖို့ ထွက်မယ်လုပ်တော့သူ့သားရောဘေးလူတွေကရော စိတ်မချလို့ လိုက်သွားကြရင်းတောထဲမှာ ထူးဆန်းတဲ့မီးအလင်းရောင်တွေကို ...
movie

Dark Encounter (2019)