Channel Myanmar

Sihle Ngxabi

Amandla (2022) 5.6
Amandla (2022)  Amandla ဆိုတာက အင်အားလို့ အဓိပ္ပါယ်ရပြီး သူတို့လူမျိုးတွေ ကိစ္စကြီးတွေ မလုပ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အားမာန်ပြည့်အောင် အသုံးပြုတဲ့စကားပါတဲ့။ ဒီဇာတ်လမ်းထဲမှာတော့ စစ်မှန်တဲ့အင်အားဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲဆိုတာကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အင်ပီနဲ့ ခိုဆာနာက သိပ်ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနေအေးတဲ့ လူမည်းမိသားစုမှာ မွေးဖွားလာသူတွေပါ။ သူတို့ အလုပ်လုပ်တဲ့ လယ်ကွင်းပိုင်ရှင် လူဖြူက သူတို့ကိုစာနာသနားပြီး အလုပ်ရှင်ကောင်းတစ်ယောက်ပီသစွာဆက်ဆံခဲ့သလို သူ့သမီးလေး အဲလီဇဘက်ကလည်း အင်ပီ့ကို အကြင်နာပိုခဲ့တယ်ပေါ့လေ။ဒါပေမဲ့ အင်ပီ့ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့မှာ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီးက သူတို့ မိသားစုဆီကို ကျရောက်ခဲ့ပြီး သူတို့ညီအစ်ကိုက အမေနဲ့အဖေကို ဆုံးရှုံးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက်သား ခြေဦးတည့်ရာလျှောက်သွားရင်း ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ဖြစ်နေခဲ့တာမို့ အစ်ကိုကြီးအင်ပီက သူ့ညီလေးကို စောင့်ရှောက်ဖို့အရေး မလွှဲမရှောင်သာဘဲ ခိုးဝှက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတော့တယ်။ အချိန်တန်အရွယ်ရောက်လာလို့ ညီဖြစ်သူက ရဲလုပ်မယ်ဆိုတာမို့ အစ်ကိုကြီးနဲ့ ခွဲနေဖို့ဖြစ်လာပြီး ...
movie

Amandla (2022)