Channel Myanmar

Simon Hsueh

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )

Eye of the Storm ( 2023 ) 6.0
Eye of the Storm ( 2023 ) SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။ အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ (၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့် ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့ သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ် မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ် ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama  Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Eye of the Storm ( 2023 )