Channel Myanmar

Simon Pengelly

Frankenstein: Legacy (2024)
Frankenstein: Legacy (2024) မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား... သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။File size…(1 GB)/(452 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Frankenstein: Legacy (2024)

Fear the Invisible Man (2023)
Fear the Invisible Man (2023) British Movie လေးဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိက သရုပ်ဆောင်မင်းသမီးကတော့ Mhairi Calvey မင်းသားကတော့ Mike Beckingham ဖြစ်ပြီးတော့ ဇာတ်ကားရဲ့ Title အတိုင်းပဲ ကိုယ်ပျောက်လူသားကားလေးတစ်ကားပေါ့နော်ဇာတ်လမ်းကတော့ 1897 ခုနှစ်အချိန်တေတုန်းက သိပ္ပံပညာကို အရူးအမူး စူးစမ်းရှာဖွေနေကြတဲ့ အချန်ကာလလေးကို ဇာတ်အိမ်တည်ထားတာပါ ဘဝတစ်ခုလုံးကို သိပ္ပံပညာရပ်အတွက်ပဲ ပုံအောထားတဲ့ ဂရစ်ဖင်ဆိုတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ထားတဲ့ စမ်းသပ်ချက်တွေ့ရှိမှုတွေကနေ ကိုယ်ဖျောက်နိုင်ခဲ့ပြီး ဘယ်လိုကြီးကျယ်တဲ့အရာတွေလုပ်မလဲဆိုတာကိုတော့.......စိတ်လှုပ်ရှာရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Crime/Horror ဇာတ်ကားကောင်းလေးတစ်ကားမို့ ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်  File size…(970 MB)/(420 MB)/(240 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Thriller, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Fear the Invisible Man (2023)

Freeze (2022)
Freeze (2022) အင်္ဂလန်ရေတပ်စစ်သ‌င်္ဘောကြီး HMS Innsmouth ရဲ့ ကပ္ပတိန် Mortimer ဦးစီးတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့သုံးနှစ်ကအာတိတ်ဒေသမှာ ပျောက်ဆုံးသွားတဲ့ မိတ်ဆွေဖြစ်သူ ကပ္ပတိန် Striener နဲ့အပေါင်းအပါတွေကို ရှာဖွေဖို့ အာတိတ်ဒေသကိုရွက်လွှင့်ခဲ့ကြပါတယ်။ အလိုရှိရာဒေသကိုမရောက်ခင်မှာပဲ သင်္ဘောပေါ်ကို မိန်းမတစ်ယောက်ခိုးလိုက်လာတာ သိလိုက်ရပြီး မကြာခင်မှာပဲ HMS Innsmouth သင်္ဘောကြီးလည်း ရေခဲနဲ့တိုက်မိပြီးရပ်သွားရပါတယ်။ သင်္ဘောရပ်နေချိန်မှာ အဖွဲ့သားတွေဟာ ထူးဆန်းတဲ့သတ္တဝါတွေကို ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် အသက်ရှင်နိုင်ရေးအတွက် ရုန်းကန်ဖို့ဖြစ်လာရပါတော့တယ်။ အေးခဲလှတဲ့ အာတိတ်ဒေသမှာ Innsmouth သင်္ဘောကြီးရဲ့အမှုထမ်းတွေ ရာသီဥတု အငတ်ဘေးနဲ့ ထူးဆန် တဲ့အကောင်တွေရဲ့ရန်ကို ဖြတ်ကျော်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ။File size…(1.1 GB)/(444 MB)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Freeze (2022)