Channel Myanmar

Sindhu Sreenivasa Murthy

Aachar & Co (2023) 8.0
Aachar & Co (2023) Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie

Aachar & Co (2023)

2023