Channel Myanmar

Sindhu Vee

What’s Love Got to Do with It? (2022) 6.4
What’s Love Got to Do with It? (2022) What's Love Got to Do with It? (2022) =========================== IMDb Rating - 6.4/10ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို ...
movie

What’s Love Got to Do with It? (2022)

2022
Roald Dahl’s Matilda the Musical (2022) 7.3
Roald Dahl’s Matilda the Musical (2022) Roald Dahl's Matilda the Musical (2022) ============================= IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ IMDb Rating 7.3 ရရှိထားတဲ့ "Matilda the Musical" ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက် ပေးပါရစေ။ စာရေးဆရာ Roald Dahl ရဲ့ Matilda ဆိုတဲ့ဝတ္တု ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က သီချင်းတွေပါ။ သံစဉ်ပိုင်းကတော့ ရှယ်ပါပဲ။"မာတေလ်ဒါ" ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကို ခံနေရသူ‌လေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့် အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ် နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ် ။ တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေ ကျောင်းထားပေးခဲ့ရပါတော့တယ်။အဲ့ကျောင်းက ကျောင်းသားတွေ ပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ် ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့ မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။ ဆိုးသွမ်းတဲ့ကျောင်းအုပ်ကြီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ...ဆို တာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်ခုလုံးစကားပြောတွေချည်းမဟုတ်ဘဲ ဇာတ်ကွက်တွေကို သီချင်းတွေနဲ့တွဲပြီး အကောင်းဆုံးပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ဇာတ် ကားမြူးမြူးလေးတွေ ကြည့်ချင်သူများလက်မလွှတ်သင့်ပါကြောင်း ဖြည့် စွက်ပြောကြားလိုပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May ...
movie

Roald Dahl’s Matilda the Musical (2022)

2022