Channel Myanmar

Singampuli

Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Naadu(2023) 8.7
Naadu(2023) Naadu 2023 တောင်ပေါ်ရွာ‌ရောက်အရှုပ်တော်ပုံIMDb-8.8ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ ဒီ‌ဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့ တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။ တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့် ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ...
movie

Naadu(2023)

2023
Katharbasha Endra Muthuramalingam (2023)
Katharbasha Endra Muthuramalingam (2023) Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH
movie

Katharbasha Endra Muthuramalingam (2023)

The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022
Viruman (2022)
Viruman (2022) Viruman (2022) Imdb-5.2/10 Times of India-1.8/5ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ်အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာ‌တော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ်သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ‌ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni
movie

Viruman (2022)

Don (2022) 7.6
Don (2022) Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးက‌တော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie

Don (2022)

2022
Pei Mama (2021) 5.4
Pei Mama (2021) ကောလိကူးမား (Yogi Babu) မိသားစုတွေက ငွေအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် မိသားစုတွေပါ။ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့ အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင် အလုပ်ကိုလက်ခံခဲ့ပါတယ်။သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့ သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့ ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့ မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ File size…(1.9 GB) / (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias & San Thu Aung
movie

Pei Mama (2021)

HEVC 1080p
Sulthan (2021) 6.0
Sulthan (2021) Sulthan (2021)အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။  File size…(3 GB) and (1.9 GB) Quality….Web-DL Rip 1080p 5.1CH and 720p Format…mp4 Duration….02:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Sulthan (2021)