Channel Myanmar

Sisse Marie

Rebel Moon – Part One: A Child of Fire (2023) 6.4
Rebel Moon – Part One: A Child of Fire (2023)  ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie

Rebel Moon – Part One: A Child of Fire (2023)

The House Next Door: Meet the Blacks 2 (2021) 3.9
The House Next Door: Meet the Blacks 2 (2021) The House Next Door: Meet the Blacks 2 (2021)==================================ဒါလေးမကြည့်ခင် Meet the Blacks 1 လေး အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အတွဲ၁ မကြည့်ရသေးသူတွေအတွက်spoiler လေးတွေပါနိုင်ပါတယ်။ကားလ်ဘလက်ခ်တို့မိသားစု ဘီဗာလီဟေးလ်မှာ The Purge ဆိုတဲ့ သုတ်သင်ခြင်းညကြီးကို ကျော်ဖြတ်ခဲ့ရပြီးနောက်ပိုင်းကားလ်ရဲ့ ငယ်ဘဝအိမ်လေးရှိရာ အက်တလန်တာကို တစ်စခန်းရွှေ့ကြပြန်ပါတယ်။၁၀၉ ၁၁၀ ဖြစ်နေတဲ့ ကားလ်တစ်‌ယောက် သုတ်သင်ခြင်းညအကြောင်းရေးထားတဲ့ သူ့ရဲ့ Terror Night စာအုပ် အတွဲ၂ ကိုဆက်ထုတ်ဖို့လုပ်ပေမယ့် ကုန်ကြမ်းရှာမရဖြစ်နေရှာတာပါ။ဒီလိုနဲ့ စာအုပ်အတွက် ကုန်ကြမ်းရလာတယ်ဆိုမလား သူတို့မိသားစုကိုက အေးအေးလူလူနေရဖို့ကံမပါဘူးဆိုမလားတစ်ည ညလယ်ကောင်ကြီးမှာ သူတို့ဘေးအိမ်ကို စုန်းလိုလိုဆံရှည်လူကြီးတစ်‌ယောက်ရယ်၊ မျက်လှည့်ဆရာလို ဦးထုပ်ကြီးနဲ့လူတစ်ယောက်ရယ်၊ ညလယ်ကောင်ကြီး ရေကန်ဘေးမှာနေပူဆာလှုံနေကြတဲ့ ဘစ်ကနီနဲ့ကောင်မလေးတွေရယ် ပြောင်းလာတာကိုကားလ်တို့တစ်တွေ စုံထောက်လုပ်ကြရင်း....ဘာတွေတွေ့ရှိလာရမလဲ ဘယ်လိုတွေလွဲကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ဖြစ်ပါတယ်။) Quality – 1080p, ...
movie

The House Next Door: Meet the Blacks 2 (2021)

2021